ဗေဒါလမ်း
ညို ပြာပြာ
လတာပြင်ခြေရင်း
လှိုင်းတက်ရာ
ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။
ဆင်းရလဲ မသက်သာ။
အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ
အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး။
ဆင်းရလဲ မသက်သာ။
အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ
အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး။
အုန်းလက်ကြွေသူ့နံဘေး၊
ဆောင့်ခဲ့ရသေး။
ဆောင့်ခဲ့လဲ မသက်သာ။
နောက်တချီ ဒီတစ်လုံးက၊ ဖုံးလိုက်ပြန်ပါ
မြည်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ
ဆောင့်ခဲ့လဲ မသက်သာ။
နောက်တချီ ဒီတစ်လုံးက၊ ဖုံးလိုက်ပြန်ပါ
မြည်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ
တစ်လံကွာ
လှိုင်းအကြွ၊ ပေါ်လိုက်ပြန်ရ။
ပေါ်ပြန်လဲ
မသက်သာ။
ချောင်းအဆွယ်
မြောင်းငယ်ထဲက၊ ဘဲထွက်လို့လာ
ဘဲအုပ်မှာ
တစ်ရာနှစ်ရာ၊ ဗေဒါက တစ်ပင်ထဲ
အယက်အကန်ခံလို့
ဗေဒါပျံအံကိုခဲ၊ ပန်းပန်လျက်ဘဲ။
ဆရာဇော်ဂျီ (၁၉ဝ၇-၁၉၉ဝ)
HYACINTH WAY
At the blue-grey mud-flat's edge
Hyacinth goes ashore with the wave
And down to sea again as the wave recedes.
No bed of roses for her
Jostled by Flotsam,
Submerged by breakers
Hie to the creek for shelter
From palm-fronds and billows
and now what? DUCKS!
Two hundred ducks!
Quacking and racking!
Poor lone Hyacinth
Must grin and bear it!
Sayar Zawgyi (1907-1990)
ကူးယူဖော်ပြသောနေရာ
http://wakhama.blogspot.com/2013/08/myanmar-english-version.html
http://wakhama.blogspot.com/2013/08/myanmar-english-version.html
အမြဲကြိုးစားနေသော မြန်မာအဲရင်းအဖွဲ့ (၂ဝ၁၅ မေလ)






0 comments:
Post a Comment
မနောရမ္မမှကျောင်းသားဖြစ်ပါက Comment ရေးခဲ့ပါ။