အလှကိုယ်စီ
ဖိုးလမင်းလည်း
သူ့အဆင်းနှင့်အလင်းနှင့်။
မီးတိုင်ငယ်လည်း
သူ့အရွယ်နှင့်အဆွယ်နှင့်။
သူ့အဆင်းနှင့်အလင်းနှင့်။
မီးတိုင်ငယ်လည်း
သူ့အရွယ်နှင့်အဆွယ်နှင့်။
စံပယ်ဖူးလည်း
သူ့ဂုဏ်ထူးနှင့် ငုံဖူးနှင့်။
ပိတောက်ဝါလည်း
သူ့အခါနှင့်နံ့သာနှင့်။
မြစ်ပြင်နက်လည်း
သူ့သိုင်းကွက်နှင့် လှိုင်းယက်နှင့်။
စမ်းချောင်းခွေလည်း
သူ့ချောင်းရေနှင့်လောင်းလှေနှင့်။
မည်သည့်အရာ မဆိုသာတည့်
သူ့မှာကိုယ့်မှာ အလှသာတည့်။
သဘာဝလျှင် အလှကိုယ်စီ
စွမ်းရည်ကိုယ်ငှ လက်ဆောင်ငှ၏။
အလှပန်းတို့ မငြင်ငြိုနှင့်
ဝန်တိုမှုသာမလှရာ၏။
သူ့ဂုဏ်သူ့သိန် သူ့အရှိန်နှင့်
အချိန်အခါ နေရာဒေသ
ဌာနအလျောက်အရေးရောက်သည်
စွမ်းနိုင်လောက်သူ ချည်းပါတကား။
ဆရာတင်မိုး
ဆရာတင်မိုး
မြန်မာအဲရင်းအဖွဲ့ (၂ဝ၁၅ မေလ)





0 comments:
Post a Comment
မနောရမ္မမှကျောင်းသားဖြစ်ပါက Comment ရေးခဲ့ပါ။