Wednesday, June 10, 2015

မြေဖြူ တားထားသော်လည်း


ပုရွက်ဆိတ်တွေမှာ ထူးခြားချက်ရှိပါတယ်။
ကျနော် ငယ်ငယ်တုန်းကလက်တွေ့စမ်းသပ်ပြီး သိလိုက်ရတဲ့အရာလေးပါ။
သူတို့အစာသယ်တဲ့အခါအသုံးပြုတဲ့လမ်းကြောင်းကို အင်းဆက်တားမြေဖြူနဲ့တားလိုက်မိပါတယ်။
ဒါနဲ့ရှေ့မှာ ခရီးသွားဖို့ ပိတ်ဆို့သွားတယ်လို့ သိလိုက်တဲ့ပုရွတ်ဆိတ်ဟာ နောက်ပြန်သွားမယ်လို့ထင်ခဲ့ပါတယ်။
မဟုတ်ပါဘူး။ အနောက်တော့သွားပါတယ်။

သို့ပေမယ့်တည့်တည့်တော့ မဟုတ်ပါဘူး။
ဘေးဘယ်ညာလှည့်ပြီး မြေဖြူမတားထားတဲ့ တစ်ဖက်ဖက်ကနေ
သူတို့အိမ်ဆီကိုမရောက်ရောက်အောင်သွားပါတယ်။
ဒါနဲ့မြေဖြူနဲ့လိုက်တားလိုက်ပေမယ့် နောက်ဆုံးတော့ သူ့အိမ်ကိုမရောက်ရောက်အောင်ကွေ့ဝိုက်ပြီး
အိမ်ရှိရာကို ပြန်သွားပါတယ်။ စက်ဝိုင်းပုံသဏ္ဍန်တားပြီး ဝိုင်းလိုက်မိရင်တောင်
မြေဖြူ အပါးဆုံးအပိုင်းကိုအရဲစွန့် ပြီးသူလွတ်မြောက်ထွက်သွားပါတယ်။

သင်ခန်းစာ
ဒီလိုပါပဲ လူတွေဟာဘဝအတွက်ရည်ရွယ်ပြီး ပန်းတိုင်တစ်ခုရောက်ဖို့ ကြိုးစားနေချိန်မှာ
အတားအဆီးအခက်အခဲဆိုတာ ရှိစမြဲ ဖြစ် ပါတယ်။ ငွေကြေးအခက်အခဲ၊ လူမှုရေး အခက်အခဲ၊
အချိန်အားလပ်မှု ရှိမရှိ အခက်အခဲ နဲ့ အခြားသော အခက်အခဲပေါင်းများစွာကပိတ်ဆို့စမြဲ ဖြစ်ပါတယ်။
ထိုအခက်အခဲများကြောင့်ပဲ မိမိကိုယ်ကိုယုံကြည်ချက် ပျောက်ဆုံးကုန်ပြီး
ငါဒါမလုပ်နိုင်ပါလားလို့ ခံယူကာ လက်လျော့၊ အဆုံးရှုံးခံတတ်ကြ ပါတယ်။

ယင်းအခက်အခဲများကလာရာလမ်းကို ပြန်သွားစေဖို့၊ နောက်ဆုတ်စေဖို့ရည်ရွယ်တဲ့အရာများမဟုတ်ပါဘူး။
ဒီထက်သွားလို့ရတဲ့ လမ်းလေးများရှာလိုက်ပါဦးလို့ အသံထွက်ပြောဆိုနေတယ်လို့ခံယူရပါမယ်။
ဒါကြောင့် ပန်းတိုင်တစ်ခု၊ ပညာတစ်ခု၊ အခြေအနေ တစ်ခု ရောက်ဖို့ ကြိုးစားနေသူဟာ
မိမိကိုယ်ကိုယုံကြည်ချက်ပြည့်ဝနေပြီး တစ်နည်းမဟုတ် တစ်နည်းနဲ့ ရောက်ကိုရောက်ရမယ်၊
ရကိုရရမယ်လို့ ယုံကြည်ထားဖို့လိုပါတယ်။ ကြိုးစားဖို့လိုပါတယ်။

၁။ ယုံကြည်မှု ရှိမယ်။
၂။ မဆုတ်မနစ် ကြိုးစားမယ်။
၃။ သတ္တိရှိမယ်။


ယင်း ၃ ချက်နဲ့တင် ပန်းတိုင်ကိုတစ်နေ့မဟုတ် တစ်နေ့ရောက်နိုင်ပါတယ်။
ဥာဏ်ကောင်းရမယ်၊ ပါရမီရှိရမယ်၊ ကံလိုက်ရမယ် အစရှိသဖြင့် ဆုပ်ကိုင်ပြလို့မရတဲ့အရာတွေကို
ငါ့မှာမရှိပါလားလို့ အပြစ်တင်ပြီး လက်လျှော့မယ်ဆိုရင်တော့
တားထားတဲ့ မြေဖြူကြောင့် လိုရာခရီးကို ရောက်တော့မှာမဟုတ်ပါဘူး။
ပုရွက်နဲ့ မြေဖြူ ရာဟာ ဘဝအောင်မြင်မှုအတွက် အတုယူစရာသင်ခန်းစာလေးတစ်ခုဖြစ်နေပါတော့တယ်။

အားလုံးဘဝမှာ အခက်အခဲတွေကိုကျော်ဖြတ်နိုင်ပြီး အောင်မြင်မှုတွေရရှိပါစေ။
မြန်မာအဲရင်းအဖွဲ့ 

 

Share:

1 comment:

  1. ၁။ ယုံကြည်မှု ရှိရမယ်။
    ၂။ မဆုတ်မနစ် ကြိုးစားရမယ်။
    ၃။ သတ္တိရှိရမယ်။

    ReplyDelete

မနောရမ္မမှကျောင်းသားဖြစ်ပါက Comment ရေးခဲ့ပါ။

Copyright © Myanmar Erin Group | Powered by Blogger
Created by Set Paing | Blogger Theme by NewBloggerThemes.com