Tuesday, June 9, 2015

မျက်ရည်မကျခိုင်းရက်လို့ပါ


ဟိုးရှေးရှေးတုန်းက ဘုရင်ကြီးတစ်ပါးမှာသမီးတော်နှစ်ပါးရှိသတဲ့..။
အဲဒီသမီးတော်လေးတွေ ငိုရင်မျက်ရည်တွေဟာ စိန်ပွင့်တွေဖြစ်ဖြစ်သွားတယ်တဲ့..။
ပထမမင်းသမီးကတော့ သူမရဲ့စိန်ပွင့်တွေနဲ့
ရဲတိုက်တွေတစ်ခုပြီးတစ်ခုဆောက်တဲ့ မင်းသားလေးနဲ့လက်ထပ်လိုက်တယ်။

မင်းသမီးငယ်လေးကတော့ သိုးကျောင်းသားတစ်ယောက်နဲ့လက်ထပ်လိုက်ပါတယ်။
ဘုရင်ကြီးနတ်ရွာစံခါနီးမှာ သမီးတော် ၂ပါးကိုခေါ်တွေ့တော့
သမီးကြီးမှာ ရွှေငွေရတနာလက်ဝတ်လက်စားတွေအပြည့်နဲ့
သမီးငယ်နဲ့ သိုးကျောင်းသားကတော့ ဆင်းရဲမြဲပါပဲ..။

ဘုရင်ကြီးက အံ့အားတကြီးနဲ့ပြောပါတယ်..။
"သမီးရဲ့ မျက်ရည်တစ်စက်နဲ့တင်တောင် မင်းတို့ချမ်းချမ်းသာသာနေနိုင်ရက်သားနဲ့ကွာဘယ်လိုဖြစ်တာလဲ"

သိုးကျောင်းသားလေးက ပြန်ဖြေပါတယ်
"ကျွန်တော်သူ့ကို မျ...က်ရည် မကျခိုင်းရက်လို့ပါဗျာ"။

ချစ်လွန်းလို့ မျက်ရည်ကျအောင်မလုပ်ဘူးဆိုတဲ့အဓိပ္ပါယ်ဖြစ်ပါတယ်။

ချစ်ခြင်းကို တန်ဖိုးထားလျှက် မြန်မာအဲရင်းအဖွဲ့

Share:

0 comments:

Post a Comment

မနောရမ္မမှကျောင်းသားဖြစ်ပါက Comment ရေးခဲ့ပါ။

Copyright © Myanmar Erin Group | Powered by Blogger
Created by Set Paing | Blogger Theme by NewBloggerThemes.com