Tuesday, July 28, 2015

ချစ်သူနှစ်ဦးကိုလမ်းခွဲစေတဲ့ အမှား (၁ဝ) မျိုး


၁။ ချစ်သူတွေဖြစ်ခဲ့တာ မမှားပါဘူး.. နားလည်မှု မရှိတာက မှားတာပါ ။

၂။ သဝန်တိုခဲ့တာတွေ မမှားဘူး... သံသယတွေ ဝင်ခဲ့တာ မှားတာပါ ။

၃။ ကျီစယ်ခဲ့တာတွေ မမှားဘူး... ပျက်ရယ်ပြုခဲ့တာတွေ မှားတာပါ ။

၎။ စိတ်ကောက်ခဲ့တာတွေ မမှားပါဘူး... ပြန်မချော့နိုင်တဲ့ မာနတွေက မှားတာပါ ။

၅။ ပိတ်ပင်တားမြစ်တာက မမှားပါဘူး... ချုပ်ခြယ်ချည်နှောင်ထားတာက မှားတာပါ ။

၆။ အနေမနီးခြင်းက မမှားပါဘူး...နွေးထွေးမှု မရှိခြင်းက မှားတာပါ ။

၇။ အရမ်းချစ်ပြခဲ့တာက မမှားပါဘူး...တယောက်ထဲ အတွေးချော်တာက မှားတာပါ ။

၈။ တစိမ်းတွေ ဝင်စွက်ဖက်တာ မမှားပါဘူး...တစိမ်းစကားတွေ နားယောင်တာက မှားတာပါ ။

၉။ အတိတ်ကို ဂရုမစိုက်တာ မမှားပါဘူး...အနာဂတ်အတွက် ရည်ရွယ်ချက်မဲ့တာ မှားတာပါ ။

၁ဝ။ တခါတခါ ချစ်သူကိုဦးစားမပေးနိုင်တာ မမှားပါဘူး...ချစ်သူကို အလေးမထားသလိုနေတာက မှားခဲ့တာပါ...။

ချစ်သူတိုင်းချစ်နိုင်ကြပါစေ။
မြန်မာအဲရင်းအဖွဲ့(၂ဝ၁၅ ဇူလိုင်)


Share:

0 comments:

Post a Comment

မနောရမ္မမှကျောင်းသားဖြစ်ပါက Comment ရေးခဲ့ပါ။

Copyright © Myanmar Erin Group | Powered by Blogger
Created by Set Paing | Blogger Theme by NewBloggerThemes.com