Wednesday, July 29, 2015

အလုပ်ကထွက်သင့်တဲ့အချိန်


အလုပ်ထွက်ရခြင်းမှာ အကြောင်းရင်း နှစ်မျိုးရှိပါတယ်…

ပထမ တစ်ခုက လက်ရှိအလုပ်ထက် ပိုကောင်းတဲ့ အခွင့်အလမ်းတွေ ခံစားခွင့်တွေ
ကမ်းလှမ်းခံရလို့ လက်ရှိအလုပ်ကနေ ထွက်လိုက်ရတာ…
ဒုတိယ တစ်ခုက ဘယ်လိုမှ အလုပ်ခွင်မှာ အဆင်မပြေတော့လို့ မပျော်တော့လို့ ထွက်လိုက်ရတာ …

ပထမအချက်သည် ကိုယ့်တိုးတက်မှုအတွက် ပြောင်းရွေ့တာဖြစ်တာကြောင့် ကိုယ့်အတွက် ပြသနာသိပ်မရှိပေမဲ့…
ဒုတိယအချက်ကတော့ မိမိအနေနှင့် ကိုယ့်အတွက်စိတ်ညစ်စရာ သောကရောက်စရာ စိတ်ထောင်ကိုယ်ကြေရပါတယ်…

အကယ်၍ ကိုယ့်စိတ်ခံစားမှုကြောင့်ဆိုရင် အလွယ်တကူ အလုပ်ကနေ မထွက်လိုက်ပါနှင့်…
သေသေချာချာ စဉ်းစားပေးစေလိုပါတယ်…
ကိုယ့်နှင့် ချစ်ခင်လေးစားရတဲ့ လူပုဂ္ဂိုလ် တစ်ယောက်ယောက်နှင့်တိုင်ပင်လိုက်ပါ…

ဒါပေမဲ့ မိမိ စိတ်ခံစားချက်ကြောင့် မဟုတ်ဘူးဆိုရင် အခြားအချက်တွေကြောင့်ဆိုရင်တော့
ဘယ်အချက်တွေကြောင့်လဲဆိုတာ စဉ်းစားတွေးဆသင့်နေပါပြီး… ဘယ်အချက်တွေလဲဆိုတော့…

၁။ ပေးဆပ်ရသလောက် အကျိုးမခံစားရတဲ့အခါ …
၂။ ကိုယ့်ပိုင်ဘဝ ပျောက်ဆုံးသွားတဲ့အခါ …
၃။ လွတ်လပ်မှု ပျောက်ဆုံးသွားတဲ့အခါ…
၎။ အထက်လူကြီး နှင့် လုပ်ဖော်ကိုင်ဖက်တွေကြား ခင်မင်နွေးထွေးမှု ပျောက်ဆုံးသွားတဲ့အခါ
၅။ ကိုယ့်ရဲ့ အနာဂတ်လမ်း တက်လမ်း မရှိတော့တဲ့အခါ
၆။ အလုပ်ဒဏ်ပိနေခြင်း
၇။ အထက်လူကြီး၏ ဖိနှိပ်ချုပ်ချယ်ခြင်းကို အကြီးအကျယ် ခံစားနေရခြင်း
၈။ လိုအပ်တဲ့ ကူညီထောက်ပံ့ပေးမှု မရှိခြင်း
၉။ အဆိုးဆုံးကတော့ မနက်မိုးလင်းတိုင်း ရုံးသွားရမှာကို ကြောက်နေတဲ့အခါ

ဒီလိုဖြစ်နေပြီးဆိုရင် လက်ရှိအလုပ်ခွင်တစ်ခုကနေ စွန့်စားဖို့ အချိန်တန်နေပါပြီ။
ဒါပေမဲ့ နောက်အလုပ်တစ်ခု အဆင်သင့်မရှိသေးခင်အထိ လူကြီးလူကောင်း ဝန်ထမ်းကောင်းပီသစွာ
အလုပ်ခွင်မှာ သည်းခံဆက်လက်လုပ်ကိုင်သင့်ပါတယ်။

နောက်ဆုံးအနေနှင့် အကြံပေးလိုသည်မှာ နောက်ဆုံးအချိန်အထိ မိမိအနေနှင့် အလုပ်အပေါ်တွင်
ဝန်ထမ်းကောင်း ပီသနေဖို့ လိုအပ်ပါတယ် ….
မိမိတိုးတက်လမ်းကိုရှာရမှာဖြစ်ပေမယ့်...အလုပ်အပေါ်ကိုတော့သစ္စာမဖောက်သင့်ပါဘူး။

အလုပ်ကိုချစ်မှသင့်ဘဝအောင်မြင်မှာဖြစ်ပါတယ်။
မြန်မာအဲရင်းအဖွဲ့(၂ဝ၁၅ ဇူလိုင်)


Share:

0 comments:

Post a Comment

မနောရမ္မမှကျောင်းသားဖြစ်ပါက Comment ရေးခဲ့ပါ။

Copyright © Myanmar Erin Group | Powered by Blogger
Created by Set Paing | Blogger Theme by NewBloggerThemes.com