Wednesday, August 12, 2015

စိတ်ဓာတ်ကျနေသလား


အရင်ဆုံးပြောချင်တာကတော့ စိတ်ဓာတ်ကျတယ်ဆိုတာ သူငယ်ချင်းတစ်ယောက်ထဲမဟုတ်ပါဘူး။
ကျွန်တော်တို့လူသားအားလုံး စိတ်ဓာတ်ကျတတ်ကြပါတယ်။ ပိုက်ဆံမရှိလို့၊ ချစ်သူနဲ့အဆင်မပြေလို့မိသားစုနဲ့
အဆင်မပြေလို့၊ အလုပ်မှာအဆင်မပြေလို့၊ စာမေးပွဲကျလို့၊ ရုပ်မလှလို့ အမျိုးမျိုးကိုစိတ်ဓာတ်ကျနေတတ်ကျပါတယ်။
စိတ်ဓာတ်ကျတာ ဆင်းရဲချမ်းသာမရွေးပါဘူး။ ပိုက်ဆံချမ်းသာတဲ့သူတွေတော့ စိတ်ချမ်းသာမယ်လို့သင်ထင်မှာပေါ့။

တကယ်တော့သင်ထင်သလိုမဟုတ်ပါဘူး။
ဥပမာဆိုပါစို့ သင်ကသိပ်မချမ်းသာဘူးသာမန်ရုံးဝန်ထမ်းတစ်ယောက်
သင့်မှာသင်အရမ်းကြိုက်တဲ့ Iphoneလေးရှိတယ်ဆိုပါစို့။ အဲဒီIphoneလေး taxiပေါ်မှာမေ့ကျန်ခဲ့တယ်ဆိုပါစို့။
သင်ဘယ်လိုခံစားရမလဲ? ခဏလောက်တွေးကြည့်လိုက်ပါ။ ၇သိန်း ၈သိန်းလောက်တန်တဲ့ပစ္စည်းတစ်ခုအတွက်တောင်
သင်အဲ့လောက်စိတ်သောကတွေရောက်ပြီး စိုးရိမ်ပူပန်တတ်နေရင် သိန်းထောင်ပေါင်းများစွာချမ်းသာတဲ့သူတွေရော
ဘယ်လိုစိတ်ထဲမှာဖြစ်နေမယ်ထင်လဲ? သူတို့တွေက ဒီလောက်ချမ်းသာရင်တော်ပါပြီဆိုပြီးရပ်သွားတဲ့သူမရှိပါဘူး။
ဒီထက်ပိုချမ်းသာအောင်လုပ်နေကြတဲ့သူတွေချည်းပါပဲ။ သူတို့မှာရှိတဲ့ ချမ်းသာမှုတွေကိုမပျောက်ပျက်အောင်အမြဲ
ထိန်းသိမ်းနေရပါတယ်။

တကယ်တော့အောင်မြင်မှုဆိုတာ ပျော်ရွှင်မှုပါ။
လူတွေက ပျော်ရွှင်မှုရဖို့ ပိုက်ဆံကအဓိကကျတယ်လို့သတ်မှတ်လိုက်တယ်။
အဲဒီတော့ ပိုက်ဆံ=ပျော်ရွှင်မှုဆိုတဲ့ ညီမျှခြင်းနဲ့ သူတို့ဘဝကိုဘောင်ခတ်ပစ်လိုက်တယ်။
သူတို့အဲဒီဘောင်ထဲမှာနေထိုင်ကြတယ်။ ဒါပေမဲ့သူတို့ ပျော်ရွှင်ခြင်းအစစ်အမှန်ကိုမရရှိကြဘူး။
သူတို့ဘဝတွေကိုလောဘတွေနဲ့ အနားသတ်လိုက်တယ်။
သူတို့ရဲ့ညီမျှခြင်းကလောဘ+ပိုက်ဆံ=ပျော်ရွှင်မှုဖြစ်လာတယ်။
ကြာလာတော့ ညီမျှခြင်းရဲ့တစ်ဘက်ခြမ်းက ပျော်ရွှင်မှုသူတို့ဆီမှာမရှိတော့ဘူး။
သူတို့ဆီမှာကျန်ခဲ့တာက လောဘ+ပိုက်ဆံ ဖြစ်သွားတယ်။
သူတို့ရဲ့ဘဝတွေကဘာနဲ့တူလဲဆိုတော့ ကျောက်တုံးအကြီးကြီး တစ်တုံးကိုအရမ်းမတ်တဲ့တောင်ကုန်းပေါ်ကို
တွန်းတင်နေရသလိုပဲ သူတို့တက်တာမြင့်လာလေလေ အဲဒိကျောက်တုံးကြီးကိုနောက်ပြန်မကျအောင်
အားပိုစိုက်ရလေလေ။ တစ်ချို့ကလည်း အဲဒီကျောက်တုန်းကြီးတွန်းနေတုန်း အရမ်းလှတဲ့ကြယ်လေးတွေရယ်
ပတ်ဝန်းကျင်ကငှက်ကလေးတွေရဲ့တေးဆိုသံတွေကို မခံစားမိလိုက်ကြဘူး။
တစ်ချို့ကလည်း မနိုင်တဲ့ကျောက်တုန်းကြီးမို့လို့ ဒလိမ့်ခေါက်ကွေးပြုတ်ကျကြတယ်။
တစ်ချို့ကလည်း ချွေးသံတရဲရဲနဲ့။ တစ်ချို့ကတော့ ထိပ်ဆုံးရောက်သွားကြတယ်။
ဒါပေမဲ့ နောက်ထပ်တက်ရမဲ့တောင်တွေအများကြီးရှိမှန်းအပေါ်ဆုံးရောက်မှ သိခွင့်ရလိုက်တယ်။
ပိုက်ဆံနဲ့သတ်မှတ်ထားတဲ့အောင်မြင်မှု နောက်ကိုလိုက်ရင်း ဘဝမှာအရေးကြီးဆုံးအရာအားလုံးကို
ဆုံးရှုံးလိုက်ရတယ်။

ပိုက်ဆံအရေးမကြီးဘူးလားလို့မေးရင်တော့ အရေးကြီးတာပေါ့။
ဒါပေမဲ့ပျော်ရွှင်မှုရဲ့ အဓိကအကြောင်းရင်းတော့မဟုတ်ဘူး။ သူကအစိတ်အပိုင်းတစ်ခုထက်မပိုဘူး။
ဒါကသတ်မှတ်တဲ့သူပေါ်မှာတော့မူတည်တာပေါ့။ သင်ကပိုက်ဆံကပျော်ရွှင်မှုလို့သတ်မှတ်ရင်တော့
ပိုက်ဆံတွေရှာပြီး ပျော်အောင်စမ်းကြည့်ပေါ့နော်။

ကဲစိတ်ဓာတ်ကျပြီးမပျော်မရွှင်ဖြစ်နေတယ်ဆိုရင် အောက်ပါနည်းလမ်း(၃)မျိုးအတိုင်းစမ်းကြည့်ရအောင်.

(၁) အတွေးတွေပြောင်းလဲကြည့်လိုက်ပါ။

မြတ်စွာဘုရားကမိန့်ပါတယ် “The mind is everything. What you think you become” -Buddha
စိတ်ကအရာရာပဲဗျ။ ဥပမာ သင်ကြုံဖူးလား သင်မှန်ထဲကြည့်လိုက်တော့ တခါတလေချောနေတယ်လေ။
အဲဒိအချိန်ဆို ကိုယ့်ကိုကိုယ်အားရနေပါတယ်။ လူရှေ့သူရှေ့ကိုထွက်တော့လည်း ယုံကြည်မှုအပြည့်နဲ့လေ။
ပြီးတော့အဲ့လိုနေ့မျိုးဆို ဘာပဲလုပ်လုပ်အောင်မြင်တာများတယ်။
ဒါပေမဲ့ကျွန်တော်တို့တွေက မှန်ကြည့်ပြီး ကိုယ့်အပြစ်ကိုယ်အရှာကြဆုံး လူသားမျိုးနွယ်တွေလေ။
နှာခါင်းမလှဘူး၊နားရွက်ကားတယ်။ မျက်လုံးကစွေတယ်။ ကိုယ့်ကိုကိုယ် တမုန်းကဲ့ရဲ့ပြီး စိတ်ဓာက်ကိုအောက်ဆုံးထိ
ဆွဲချလိုက်ကြတယ်လေ။ အဲဒိလိုနေ့မျိုးဆို စိတ်ဓာတ်တွေကျလို့ပေါ့။ ကိုယ့်ကိုကိုယုံကြည်မှုကကျသွားတယ်။
အကျိုးဆက်အနေနဲ့တစ်နေ့လုံးကိုဘာလုပ်လုပ်အဆင်မပြေတော့ဘူး။ ပြန်သုံးသပ်ကြည့်ရအောင်။ သင့်ရုပ်ကဒီရုပ်ပဲ။
ပြောင်းသွားတာသင့်စိတ်။ သင့်စိတ်က သင့်ကိုအကျဉ်းချပစ်လိုက်တယ်။ သင်ကလည်းအကျဉ်းချခံရအောင်ကို မရမက
လိုက်တွေးတယ်။ အဲဒီတော့ ဘုရားရှင်ပြောတာမမှန်ဘူးလား? စိတ်ကအရာရာပဲတဲ့။

သူဘာသာလေထဲမှာလွင့်မျောနေတဲ့တိမ်တွေကိုလည်း ဆင်ရုပ်တွေ၊ကျားရုပ်တွေ အဖြစ်မြင်ကြည့်လိုက်လို့ရတယ်။
ညဘက်ခေါင်းရင်းမှာထောင်ထားတဲ့ဖျာလိပ်ကြီးကိုလည်း သရဲလို့တွေးပစ်လိုက်လို့ရတယ်။ အဲဒီတော့ သေချာပြန်
စဉ်းစားရင် ပျော်ရွှင်မှုရဖို့ဆိုတာ စိတ်ကိုပြင်ရမှာပါ။ ပိုက်ဆံမဟုတ်ပါဘူး။ ဒါပေမဲ့ ပိုက်ဆံနဲ့ညီမျှခြင်း ချချင်ရင်လည်း
ရပါတယ်။ ဒါပေမဲ့ အဲလိုစဉ်းစားရင်တော့ စိတ်ချမ်းသာဖို့ ပိုက်ဆံအရင်ရှာလိုက်အုံးနော်။

ကဲဒီစာကိုဖတ်နေကတည်းကသင်စိတ်ဓာတ်ပြန်တက်ချင်တဲ့သူဆိုတာသေချာတယ်။
သင့်အတွေးတွေနည်းနည်းလောက်ပြောင်းကြည့်ပါ။ သင့်ရဲ့အထက်ကသူတွေချည်းပဲမကြည့်ပါနဲ့။
သင်စိတ်ဓာတ်ကျနေတယ်ဆိုရင် Busကားတွေကြားထဲပြေးလွှားပြီးပန်းရောင်းနေတဲ့ကလေးတွေ၊
သူများကျောင်းစိမ်းဝတ်စုံလေးတွေကိုငေးကြည့်နေတဲ့ကလေးတွေ၊ တစ်နေ့လုံးမှာထမင်းတစ်နပ်ပဲစားရတဲ့သူတွေ၊
အာဖရိကက ၂ရက်မှတစ်ခါလောက်အစားအစာစားခွင့်ရတဲ့ကလေးတွေ ကိုအားနာပါအုံး။

သင်ရုပ်ပိုင်းဆိုင်ရာအားနည်းချက်ရှိတယ်လို့ထင်ရင် ဆယ်တန်းမှာသင်ခဲ့ရဖူးတဲ့ Helen Kellerကိုအားနာပါအုံး။
မျက်စိလည်းမမြင်နားလည်းမကြားခဲ့တဲ့ Helenတောင်ဘဝကို ရင်ဆိုင်နိုင်ရင် သင်ကရော။ သင့်မျက်လုံးမလှဘူး
ထင်ရင်တစ်ခါလောက် မျက်စိမှိတ်ပြီးလမ်းလျှောက်ကြည့်ပါအုံး။ မျက်စိမမြင်တဲ့ သူတစ်ယောက်ဆိုရင်ရော
ဘယ်လိုနေမလဲ? သင်အရမ်းကံကောင်းပါတယ်။ သင်ဒီစာကိုဖတ်နေနို်င်တယ်လေ။ဘဝရဲ့အလှအပတွေကိုခံစားနိုင်
တယ်လေ။ မနက်ဖြန်ဆိုတာမသေချာတဲ့အရာမို့လို့ လက်ရှိအချိန်ကိုလေးစားပါ။ ဘယ်တော့မှ မကောင်းတဲ့စိတ်ဓာတ်နဲ့
အရာရာကိုမကြည့်ပါနဲ့။ အဲဒါဟာ စိတ်ဓာတ်ကျရခြင်းရဲ့အဓိကအကြောင်းရင်းတစ်ခုပါ။

“အချုပ်ခန်းထဲက အကျဉ်းကျခံထားရတဲ့အကျဉ်းသား၂ယောက်က ပြတင်းပေါက်အပြင်ဘက်ကိုပြိုင်တူကြည့်လိုက်တယ်။
ပထမတစ်ယောက်ကပြောတယ် အပြင်မှာရေဗွက်တွေချည်းပဲတဲ့ စိတ်ပျက်ဖို့ကောင်းလိုက်တာတဲ့
ဒုတိယတစ်ယောက်ကပြောတယ် ဒီညလသာတယ်နော်။ ကြယ်တွေလည်းစုံပြီးအရမ်းလှလိုက်တာတဲ့”
လူတွေရဲ့အတွေးတွေဟာ လူတွေရဲ့ပျော်ရွှင်မှုပါပဲ။ အရာရာကိုအတတ်နိုင်ဆုံးအကောင်းမြင်ကြည့်ပါ။
သင်အရင်ထက်စိတ်ချမ်းသာလာတာတွေ့ရလိမ့်မယ်။

(၂) သင့်ကိုသင်ချီးကျူးပါ။

သင့်ကိုယ်သင်အမြဲအပြစ်ရှာနေတာကိုခနလောက်ရပ်ပြီး သင့်ကိုသင်ချီးကျူးပါ။
သင်ဘာပဲလုပ်လုပ်တစ်ခုခုအောင်အောင်မြင်မြင်ပြီးဆုံးသွားရင်သင့်ကိုယ်သင်ချီးကျူးဖို့မမေ့ပါနဲ့။ လူတိုင်းလူတိုင်းမှာ
ပင်ကိုယ်အရည်အချင်းရှိပါတယ်။ သင့်မှာလည်းရှိပါတယ်။ သင့်မှာချီးကျူးစရာတစ်ခုမှမရှိဘူးလို့သင်ထင်လို့လား?
ချီးကျူးစရာတစ်ခုရအောင်ဖန်တီးပါ။ ဥပမာ စိတ်သဘောထားကောင်းအောင်နေကြည့်ပါ။ ဒါဟာအတော်ကိုချီးကျူးစရာ
ကောင်းတဲ့အရာမျိုးပါ။ ဒါမှမဟုတ် ကိုယ့်ကိုကို နှိမ့်ချပြီးနေကြည့်ပါ။ ဒါဟာလည်းလူတိုင်းမလုပ်နိုင်တဲ့အရည်အသွေးပါ။
ဒါမှမဟုတ် အချိန်လေးစားတဲ့သူတစ်ယောက်ဖြစ်အောင်နေကြည့်ပါ။ ဒါကလည်း တော်တော်ကိုချီးကျူးစရာကောင်းတဲ့
အချက်ပါ။ အဲဒါတွေလုပ်ဖို့ သင်ပိုက်ဆံတစ်ပြားမှမလိုဘူးနော်။ သင့်လုပ်ချင်ဖို့ပဲလိုတာ။
နောက်တစ်ချက်အရေးကြီးတာက သူများကိုလည်း ချီးကျူးပါ။
ရိုးရိုးသားသားချီးကျူးတာက ချီးကျူးခံရသူလည်း စိတ်ချမ်းသာပါတယ်။

(၃) ဘောင်ထဲမှာမနေပါနဲ့။

သင့်ကိုသင်ဘောင်ခတ်ထားတာအရမ်းဆိုးပါတယ်။ တစ်ခုခုကိုမလုပ်နိုင်ဘူး၊အခက်အခဲတစ်ခုကိုမဖြတ်ကျော်နိုင်ဘူး
စသဖြင့်တွေးရတာအရမ်းလွယ်ပါတယ်။ ဒါပေမဲ့ အဲ့ဒီလိုတွေးတာဟာ ဘာမှကိုအသုံးမဝင်ပါဘူး။
သင့်ရဲ့ comfort zone ထဲကထွက်ကြည့်ပါ။ ဥပမာ သင်က Englishစာသင်တန်းတစ်ခုမှာ အမြဲတမ်းရှေ့ထွက်ပြီး
မပြောရဲဘူးဆိုပါစို့။ တစ်ခါလောက်ထွက်ပြောဖြစ်အောင် ထွက်ပြောပါ။ အဲ့ဒီလိုများများလုပ်ပေးမှ သင့်ကိုသင်
ယုံကြည်မှုတက်လာမှာပါ။ အကျိုးဆက်အနေနဲ့ သင့်ကိုသင်ချီးကျူးဖို့အရာတွေတိုးလာမှာပါ။ သင့်ကိုသင်လက်ခံပါ။
ဒီအချက်ကအရမ်းအရေးကြီးပါတယ်။ သင်အသားမဲသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ၊ဝသည်ဖြစ်စေ၊ ပိန်သည်ဖြစ်စေ
သင့်ကိုသင်လက်မခံသေးသ၍ ဖုံးကွယ်ဖို့ကြိုးစားနေသ၍ သင်မလုံခြုံမှုတွေနဲ့ စိတ်ဆင်းရဲနေအုံးမှာ။
လောကကြီးနဲ့အသားကျဖို့ဆိုတာ အရင်းဆုံး ကိုယ်ကိုကိုလက်ခံရပါတယ်။ သင့်ကိုယ်သင်လက်ခံသွားရင်
သင့်ရဲ့ရုပ်ရည်ဟာသိသိသာသာကိုပြောင်းလဲသွားပါလိမ့်မယ်။ ယုံကြည်မှုအပြည့်နဲ့အရမ်းကိုကြည့်ကောင်းနေပါ
လိမ့်မယ်။ အမေရိကန် လူမည်းRapperတွေကိုတွေ့ဖူးမှာပေါ့။ အသားမည်းမည်းနဲ့ရုပ်ချောလို့လား?
မချောဘူးဒါပေမဲ့ယုံကြည်မှုအပြည့်နဲ့အရမ်းကိုကြည့်ကောင်းပါတယ်။ သင့်ကိုယ်သင်ယုံကြည်မှုဟာ
သင့်ရဲ့ရုပ်ရည်ကိုပါ အများအမြင်မှာ ပြောင်းလဲပစ်နိုင်ပါတယ်။ ဒါကြောင့် သင့်ကိုသင်လက်ခံပါ။ ယုံကြည်ပါ။
ဘောင်ထဲမှာမနေပါနဲ့။ ဘောင်အပြင်ထွက်ကြည့်ပါ။ အပြင်မှာအရမ်းလှပါတယ်….။

ဘယ်တော့မှစိတ်ဓါတ်မကျပါနဲ့။
စိတ်ဓါတ်ကျရင် မြန်မာအဲရင်းအဖွဲ့ကိုလာခဲ့ပါ။ (၂ဝ၁၅ သြဂုတ်လ)

Share:

0 comments:

Post a Comment

မနောရမ္မမှကျောင်းသားဖြစ်ပါက Comment ရေးခဲ့ပါ။

Copyright © Myanmar Erin Group | Powered by Blogger
Created by Set Paing | Blogger Theme by NewBloggerThemes.com