Monday, June 1, 2015

မဲဇာတောင်ခြေ.....

မဲဇာတောင်ခြေ ပိုဒ်စုံရတု
မဲဇာတောင်ခြေ၊ စီးတွေတွေတည့်၊ မြစ်ရေဝန်းလည်၊ မြိုင်တောစည်က၊ ရွှေပြည်ကိုသာ၊ တ,ရှာတော့မိ၊ မိုးရှိရှိလျှင်၊ သီရိကြက်သရေ၊ တက်ဖြိုးဝေသား၊ အောင်မြေကြော့ကြော့၊ ကုန်းမော့မော့နှင့်၊ ဘိုးတော့်ကောင်းမှု၊ တည်ထားပြုသည်၊ ဇမ္ဗူ့ဆီမီး၊ ခြောက်ရောင်ညီးမျှ၊ ဂူကြီးသခင်၊ ရွှေလင်းပင်နှင့်၊ ရွှေခြင်္သေ့မွေ၊ စ,ရွေ့ရေသော်၊ ရွှေစေတီကြီး၊ အသီးသီးတည့်၊ ပိတ်ဆီးချယ်သန်း၊ လျှပ်ရောင်တန်းမျှ၊ ရွှေနန်းရွှေဘုံ၊ အလုံးစုံကို၊ အာရုံမြက်မြင်၊ ဖူးမြော်ချင်၍၊ သည်တွင်ရွှေမြို့၊ သည်သို့စေတီ၊ သည်ဆီရွှေနန်း၊ ဖြောင့်တန်းတော့မည်၊ စိတ်ကရည်သည်။
ရွှေပြည်ဌာန ဝေးသော်ကြောင့်...........

၂။ သဲသာသောင်မြေ၊ မြစ်ကမ်းခြေလည်း၊ အကြေတပြင်၊ တို့အောက်ခွယ်ဝယ်၊ ရှေရှင်ပတ်ဝန်း၊ ပျော်ဘွယ်ထွန်းလိမ့်၊ တကျွန်းလောက်ပင်၊ ဝေးမည်ထင်ခဲ့၊ စီးသွင်ညိုရစ်၊ မဲဇာမြစ်လည်း၊ ထစ်ထစ်ထွန်းဘိ၊ ချုံအတိနှင့်၊ တောကြီ့းဆိတ်ညံ၊ ဆီးကျံကျံဝယ်၊ ဓူဝံမပေါ်၊ မမျှော်ပါရ၊ နေကိုတ,လည်း၊ ဘယ်ကရှေ့နောက်၊ ဘယ်တောင်မြောက်ဟု၊ တွေးထောက်မမှန်၊ ဖန်ဖန်အံ့သြ၊ ကြံတိုင်းမောစွ၊ ဘယ်တောဘယ်မြိုင်၊ မသိနိုင်ခဲ့၊ မခိုင်စိတ်ဝမ်း၊ နေတိုင်းလွမ်းရှင့်၊ ကင်းစမ်းတောင်က၊ လေဦးစ၍၊ နောက်မှလေရှည်၊ အတည်တည်သည်။
 လေပြည်လာက အေးသော်ကြောင့်..............

၃။ ပွဲခါညောင်ရေ၊ သွန်းမြဲပေတည့်၊ ရိုသေသဒ္ဓါ၊ ထုံးစဉ်လာဖြင့်၊ မဲးဇာရပ်သူ၊ တောင်းဆုယူသည်၊ ရွှေဂူတော်နှင့်၊ ရှုတိုင်းတင့်သား၊ မိုးမြင့်သီခေါင်၊ မဲဇာချောင်က၊ တတောင်လုံးမှိုင်း၊ စ,ရွေ့ဆိုင်းသော်၊ ထောင့်တိုင်းယှက်ရွေ့၊ ဝန်းကာဝှေ့သည်၊ တောင်ငွေ့ဝေဝေ၊ အထွေထွေနှင့်၊ လေလည်းရောရာ၊ မိုဃ်းမပါဘဲ၊ သွန်းချပြန်သော်၊ ယုဂန်ထင်ရှား၊ တောင်တော်ဖျားက၊ ရထားယဉ်သာ၊ နေစကြာလည်း၊ ရောင်ဝါမထွန်း၊ ချမ်းရှာလွန်း၍့၊ တည့်မွန်းချိန်နေ၊ ရောက်လွယ်စေဟု၊ စေ့ရေလှည့်လည်၊ တ,လျက်မြည်သည်။
 နေခြည်ဖြာမှနွေးသော်ကြောင့်........................

၎။ ဝေရွှန်းစန္ဒာ၊ ချိမ်းရိပ်သာက၊ မျက်နှာတူရူ၊ တ,သည်သူလျှင်၊ ဇမ္ဗူအောင်ခန်း၊ ပြည်ကြငှန်းသို့၊ ရောက်ပန်းကြီးအင်၊ နေမရွှင်ခဲ့၊ လွင်လည်းတဆိုင်၊ မြိုင်လည်းတထွေ၊ မြေလည်းတထူး၊ ဝေးခေါင်ကြူးသို့၊ ရောက်ဘူးမည်ထား၊ ရွှေညာဖျားဟု၊ ရှေးကားမဆွ၊ ကြားရသည်သာ၊ ဘယ်ရပ်မှာဟု၊ ခြင်းရာတစိ၊ တပ်မသိခဲ့၊ ကျွန်းကြီးချက်ချာ၊ တို့နေရာနှင့်၊ ဘာသာကွဲလှမ်း၊ မြိုင်တောဝှမ်းဝယ်၊ အချမ်းမတူ၊ အပူမမျှ၊ ကြုံဘိရရှင့်၊ သိင်္ဃအောင်မြေ၊ လက်ချက်ဗွေဝယ်၊ နေလည်းတဆန်း၊ နန်းလည်းတခြား၊ မထွေပြားတည့်၊ ကိုးပါးနဝရတ်၊ ရွှေပြသာဒ်နှင့်၊ မျက်မြတ်လျှံရည်၊ ထွန်းလည့်လည်သည်။
 နေခြည်ထဲတွင်ပါလိမ့်မည်..........

၅။ နေဝန်းဖန်ဝါ၊ ထိန်စကြာလည်း၊ အာကာဖိတ်စီး၊ ကျွန်းလုံးညီးမျှ၊ ထိနီးမိုးလယ်၊ ဖြိုးဖြိုးကယ်၍့၊ အံ့ဘွယ်ရှက်သန်း၊ ရှုမခန်းတည့်၊ ရွှေနန်းမှန်စီ၊ ရှိရာဆီသို့၊ မြှောက်ချီဦးတင်၊ စက်ရာဝင်လည်း၊ ကြည်လင်ရှိခိုး၊ စက်ရာနိုးလည်း၊ လက်မိုးလှည့်လည်၊ မြှော်မိသည်ရှင့်၊ ရွှေပြည်တော်မှ၊ ခုချိန်ခါကို၊ သူဇာသာစံ၊ မိတ်နံမပြား၊ ဓာတ်တံခါး၏့၊ ယွန်းစားရှေ့မှာ၊ ပျော်ဘွယ်သာရှင့်၊ သီတာပတ်ကုံး၊ မြစ်နှင့်ကျုံးလည်း၊ တလုံးတည်းရေ၊ စီးတွေတွေတည့်၊ မိုးနွေမခေါင်၊ လယ်ယာမြှောင်၍၊ နတ်ဆောင်ယူပို့၊ လေ၏သို့လျှင်၊ ရွှေမြို့ရွှေပြည်၊ ဝန်းပတ်လည်သည်။
 ရေကြည်- သဲပြင် သာလိမ့်မည်...........

၆။ နွေကျွန်းသန်ကာ၊ ခုချိန်ခါကို၊ ကျောင်းသာရာမ်ခင်း၊ စေတီတွင်းဝယ်၊ သီးတင်းအလှူ၊ ရွှေပြည်သူတို့၊ ဆုယူစည်းဝေး၊ ဖြူဖြူဖွေးလိမ့်၊ စက်မှေးခိုက်တွင်၊ အိမ်မက်မြင်သို့၊ မရွှင်ရူတ၊ လွမ်းလိုက်လှရှင့်၊ ညွှန်းပြကျိုးဆက်၊ ဆယ်ကျော်သက်က၊ ကြင်ဘက်အတူ၊ တောင်းဆုယူသည်၊ အိမ်သူချောသွယ်၊ သုံးယောက်မယ်နှင့်၊ ပင်လယ်ခြားရာ၊ ခရီးကွာသို့၊ မှာလည်းမကြား၊ သွားလည်းမသင့်၊ ဖြစ်သဖြင့်လျှင်၊ ပူခွင့်ရှည်ရေး၊ ရှိချေသေး၏၊ ရင်သွေးရွှေတောင်၊ သားမောင်နှမ၊ ဆင်းသိင်္ဂတို့၊ မွေးဘရင်ခွင်၊ ရွှေလက်တင်၍၊ ယူငင်ပိုက်ဖြား၊ ဖျော်မည်များနှင့်၊ နှစ်ပါးမျက်ခြည်၊ သားနှင်းရည်သူ။
 ရွှေလည်- ဆွဲချင် ရှာလိမ့်မည်..........
 
လက်ဝဲသုန္ဒရအမတ်ကြီး

မြန်မာအဲရင်းအဖွဲ့ (၂ဝ၁၅ မေလ)
 
Share:

0 comments:

Post a Comment

မနောရမ္မမှကျောင်းသားဖြစ်ပါက Comment ရေးခဲ့ပါ။

Copyright © Myanmar Erin Group | Powered by Blogger
Created by Set Paing | Blogger Theme by NewBloggerThemes.com