စိန်ခြူးကြာညောင်၊ လရောင်လင်းပါလို့ ၊
မှန်ရွှေပြူ ပြတင်းငယ်က မယ်ခုမျှော်၊
သုံးချက်စည်တော် ရိုက်ဆော်ညှင်းတယ်လေး၊
လင်းပြန်လုနော်။
မှန်ရွှေပြူ ပြတင်းငယ်က မယ်ခုမျှော်၊
သုံးချက်စည်တော် ရိုက်ဆော်ညှင်းတယ်လေး၊
လင်းပြန်လုနော်။
သဇင်သင်းပါတဲ့၊ ခင်းပြန့် ပေါ်၊
လာနိုးငယ် မယ်မျှော်လို့ ၊ တကိုယ်တော်ထူး၊
ထွေရာစိတ်ကူးပါလို့ ၊ ဖူးရွှေလက်တင်၊
ဖြစ်ရှေးကုန်စင်၊ ဘ၀င်တုန်းဆွေးတယ်လေး၊
တွေးကြံလိုက်ရင်။ လာနိုးငယ် မယ်မျှော်လို့ ၊ တကိုယ်တော်ထူး၊
ထွေရာစိတ်ကူးပါလို့ ၊ ဖူးရွှေလက်တင်၊
ဖြစ်ရှေးကုန်စင်၊ ဘ၀င်တုန်းဆွေးတယ်လေး၊
သစ္စာတော်စူးပါစေ့၊ ဆိုဦးကပင်၊
ခင်လေးကို မောင်ကြင်ငဲ့၊ သည်သက်တွင်ဘဲ၊
နောင်သွေ မလွှဲပါဘူ့  ယုံတော့မေ။ ပြဒုမဘွေ
သိဟာတင့်တယ်လေး၊ စိုးညာမြင့်နေ။
ခင်လေးကို မောင်ကြင်ငဲ့၊ သည်သက်တွင်ဘဲ၊
နောင်သွေ မလွှဲပါဘူ့  ယုံတော့မေ။ ပြဒုမဘွေ
သိဟာတင့်တယ်လေး၊ စိုးညာမြင့်နေ။
နတ်ဒေဝီဖြားသော်လဲ၊ တပါးမသွေ၊
ရှစ်ဗြဟ္မာချွေပါလို့ ၊ အောင်ဇေယျာညွှန်း
မတ်ခြွေရွှေဝန်းငယ်နှင့်၊ ရေသွန်းတော်ခံ၊
မဟေသီမှန်၊ ဒေဝီတပ်တယ်လေး၊ ဦးဆယ်ထပ်ရံ။
ရှစ်ဗြဟ္မာချွေပါလို့ ၊ အောင်ဇေယျာညွှန်း
မတ်ခြွေရွှေဝန်းငယ်နှင့်၊ ရေသွန်းတော်ခံ၊
မဟေသီမှန်၊ ဒေဝီတပ်တယ်လေး၊ ဦးဆယ်ထပ်ရံ။
သည်မေထင်စားပါလို့၊ ကြင်အားငယ်သန်၊
ခုများမှာသူတဉာဏ်နှင့်၊ မူတဟန်ခြား၊
ပြုတော်မူအားရန်တော့၊ မျက်ထားတော်သုန်၊
မချစ်ပြင်ပြင်၊ မကြင်ကိုယ်တော် စိမ်းတယ်လေး၊ ပိန်းပိတ်လို့ မှုန်။ ။
လှိုင်ထိပ်ခေါင်တင်
ခုများမှာသူတဉာဏ်နှင့်၊ မူတဟန်ခြား၊
ပြုတော်မူအားရန်တော့၊ မျက်ထားတော်သုန်၊
မချစ်ပြင်ပြင်၊ မကြင်ကိုယ်တော် စိမ်းတယ်လေး၊ ပိန်းပိတ်လို့ မှုန်။ ။
လှိုင်ထိပ်ခေါင်တင်
မြန်မာအဲရင်းအဖွဲ့ (၂ဝ၁၅ မေလ)





0 comments:
Post a Comment
မနောရမ္မမှကျောင်းသားဖြစ်ပါက Comment ရေးခဲ့ပါ။