Friday, May 29, 2015

အရူးပုံပြင်တစ်ပုဒ်


တစ်ခါက လူတုံးလူအတစ်ယောက်သည် ဈေးထဲတွင်လှည့်လည်ကျက်စားနေသည်။ 
လူများက သူ့အားနည်းအမျိုးမျိုးဖြင့် စနောက်ကြသည်။ 
လူတွေကသူ့ကိုအမြဲတမ်း စနောက်သောနည်းတခုမှာ လက်ဖ၀ါးပေါ်တွင် 
၅ကျပ်တန်နှင့် ၁၀ကျပ်တန်ကို တင်ပြီး သူ့အားရွေးယူစေသောနည်းဖြစ်သည်။ 

သူသည်အမြဲတမ်း ၅ကျပ်တန်ကိုသာရွေးယူခဲ့သည်။ 
လူများကသူ့အား တုံးအသောသူ၊ စိတ်မနှံသောသူ၊ ၅ကျပ်နှင့်၁၀ကျပ် မည်သည်က ပိုတန်ဖိုးရှိသည်ကိုမသိသောသူဟု ထင်ပြီးဝိုင်းလှောင်ကြသည်။

ဈေးထဲသို့ သူဖြတ်သွားတိုင်း လူများကထိုနည်းကိုအသုံးပြုပြီးအမြဲတမ်းစနောက်ခဲ့ကြသည်။
တနေ့သော် အဘွားအိုတဦးက သိလိုစိတ်ဖြင့် မေးလိုက်မိသည်။
 “နင် တကယ်ပဲ ငါးကျပ်နဲ့ ဆယ်ကျပ်ကို မခွဲတတ်ဘူးလား” 

ထိုအခါ ထိုသူသည် ပြုံးလျှက် ..
“တကယ်လို့ ကျွန်တော် တစ်ဆယ်တန်ကို ယူလိုက်ရင်
နောက်တခါ သူတို့ ကျွန်တော့်ကို အဲလိုစကြတော့မှာ မဟုတ်ဘူး” ……………………………………………………………………………………………. 
 (ဘယ်သူကပိုပြီး လူရည်လည်တယ်ဆိုတာ ကိုယ်တိုင်စဉ်းစားပါနော်။) 

အားလုံးအသိညဏ်တိုးတက်ကြပါစေ။

မြန်မာအဲရင်းအဖွဲ့ (၂ဝ၁၅ မေလ)
Share:

0 comments:

Post a Comment

မနောရမ္မမှကျောင်းသားဖြစ်ပါက Comment ရေးခဲ့ပါ။

Copyright © Myanmar Erin Group | Powered by Blogger
Created by Set Paing | Blogger Theme by NewBloggerThemes.com