တို့တိုင်းပြည်
ထလာ့မြန်မာ၊ အိုမြန်မာတို့
တို့ရွာ တို့မြေ၊ တို့ရွာမြေဝယ်
တို့ရွာ တို့မြေ၊ တို့ရွာမြေဝယ်
စေတီ စပါး၊ များလည်း များ၏။
များပါလေလဲ၊ တမွဲမွဲနှင့်
ဆင်းရဲကာသာ၊ ကာလကြာလျှင်
ယာစကာမျိုး၊ တညှိုးညှိုးနှင့်
ပုထိုးမြင့်မောင်း၊ ကျောင်းကြို ကျောင်းကြား
လှည့်လည်သွားလျက်၊ မစားလေရ၊ ဝမ်းမဝ၍
ဆွမ်းမျှ မတင်နိုင် ရှိမည်တည်း။
ထလော့ မြန်မာ၊ အိုမြန်မာတို့
တို့ရွာ တို့မြေ၊ တို့ရွာမြေဝယ်
ရေချိုသောက်ရန်၊ မြစ်ချောင်းကန်နှင့်
သီးနှံချိုပျား၊ များလည်း များ၏။
သီးနှံချိုပျား၊ များလည်း များ၏။
များပါလေလဲ၊ တမွဲမွဲနှင့်
ဆင်းရဲကာသာ၊ ကာလကြာလျှင်
မြင်သာမြင်ရ၊ မစားရ၍
တောကပြိတ္တာ ဖြစ်မည်တည်း။
ထလော့ မြန်မာ၊ မြန်မာထလော့
အားမပျော့နှင့်၊ မလျှော့လုံ့လ
သူက စ၍၊ ငါက အားလုံး
လက်ရုံးများမြောင်၊ ဉာဏ်များမြောင်နှင့်
စွမ်းဆောင်ကြလေ၊ ဆောင်ကြလေလော့။
ဤမြေ ဤရွာ၊ ဘယ်သူ့ရွာလဲ
ဤယာစပါး၊ ဘယ်သူ့စပါးလဲ
ထားလော့တာဝန်၊ ပွန်လော့ လုပ်ငန်း
ဉာဏ်ရှေ့ပန်း၍၊ တစိတ်တဝမ်း ညီစေသတည်း။
ဆရာဇော်ဂျီ
၁၉၃၅ သြဂုတ်လ ကြီးပွားရေးမဂ္ဂဇင်း
၁၉၃၅ သြဂုတ်လ ကြီးပွားရေးမဂ္ဂဇင်း
ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးအတွက် တစ်ဦးတစ်ယောက်ကနေ အားလုံး ညီညီညွတ်ညွတ်
ဆောင်ရွက်ဖို့ တိုက်တွန်းထားတဲ့ ဒီကဗျာဟာ ကိုလိုနီခေတ်ကို ရည်ရွယ်ခဲ့ပေမယ့် ဒီကနေ့ခေတ်နဲ့လည်း
လိုက်ဖက်နေပါတယ်။ အထူးသဖြင့် ကိုယ့်တိုင်းပြည်အတွက် ဘယ်လို တွေးတောသင့်တယ်၊ ဘာတွေ လုပ်သင့်တယ်ဆိုတာ
ဆင်ခြင်မိစေပါတယ်။
ကူးယူဖော်ပြသောနေရာ
http://truthdevotee.blogspot.com/2010/02/blog-post_3104.html
ကြိုးစားသူများစုဝေးရာ မြန်မာအဲရင်းအဖွဲ့ (၂ဝ၁၅ခုနှစ် မေလ)
ကူးယူဖော်ပြသောနေရာ
http://truthdevotee.blogspot.com/2010/02/blog-post_3104.html
ကြိုးစားသူများစုဝေးရာ မြန်မာအဲရင်းအဖွဲ့ (၂ဝ၁၅ခုနှစ် မေလ)





0 comments:
Post a Comment
မနောရမ္မမှကျောင်းသားဖြစ်ပါက Comment ရေးခဲ့ပါ။