ဂျပန်နိုင်ငံမှာငလျင်အကြီးအကျယ်လှုပ်ပြီးတဲ့နောက်တစ်နေ့မှာကယ်ဆယ်ရေးနဲ့
ပြန်လည်
ထူထောင်ရေးလုပ်ငန်းတွေကိုဆောင်ရွက်ကြပါတယ်။ ကယ်ဆယ်ရေးသမားတွေဟာပျက်စီးနေတဲ့အမျိုးသမီးတစ်ဦးရဲ့အိမ်ကိုရောက်တဲ့အခါမှာ..
ထူထောင်ရေးလုပ်ငန်းတွေကိုဆောင်ရွက်ကြပါတယ်။ ကယ်ဆယ်ရေးသမားတွေဟာပျက်စီးနေတဲ့အမျိုးသမီးတစ်ဦးရဲ့အိမ်ကိုရောက်တဲ့အခါမှာ..
အဆောက်အဦအပုံပျက်များကြားထဲက သေဆုံးနေတဲ့
အမျိုးသမီးအလောင်းကို
တွေ့ရှိခဲ့ရပါတယ်..။
ဒါပေမယ့် သူမသေဆုံးနေတဲ့ပုံစံက ထူးခြားလို့နေပါတယ်..။
သူမဟာ မြေပေါ်ကို ဒူးထောက်ထားပြီး ၀တ်ပြုနေတဲ့ ပုံစံရှိပါတယ်..။ သူမရဲ့ခန္ဓာကိုယ်ဟာရှေ့သို့ ညွှတ်ကိုင်းနေပြီးလက်နှစ်ဘက်ကတော့ပစ္စည်းတစ်ခုကို
ထောက်မထားပါတယ်။ အခက်အခဲပေါင်းများစွာနဲ့၊ ကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင်ဟာ လက်တစ်ဝင်စာ အပေါက်ငယ်လေးထဲကနေ အဆိုပါ အမျိုးသမီးအလောင်းကို ထုတ်ယူနိုင်ဖို့ကြိုးစားပါတယ်..။ သူတို့ဒီအမျိုးသမီးအသက်ရှင်နေလိမ့်အုံးမယ်လို့မျှော်လင့်ဆဲပါ.။
ဒါပေမယ့်သူတို့ အမျိုးသမီးရဲ့ ခန္ဓာကိုယ်ကိုထိမိလိုက်တဲ့အချိန်မှာတော့အေးစက်ပြီးတောင့်ခဲ
နေတဲ့ အမျိုးသမီးရဲ့ ခန္ဓာကိုယ်က သူမသေဆုံးကြောင်းကို သက်သေပြလို့နေခဲ့ပါပြီ.။ သူတို့ဟာလက်လျှော့ လိုက်ပြီး တစ်ခြားမှာပိတ်မိနေတဲ့သူတွေကို အကူအညီပေးဖို့ပြင်လိုက် ကြပါတယ်..။ ဒါပေမယ့်…. ကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင်ဟာ တစ်စုံတစ်ယောက်က သူ့ကိုသေချာပြန်ကြည့်ဖို့ ဆွဲဆောင်နေတယ်လို့ထင်တာကြောင့် သေချာအောင်သေဆုံးနေတဲ့ အမျိုးသမီးကို အပေါက်ထဲကနေ ပြန်ကြည့်လိုက်ပါတယ်..။
ရုတ်တရက်ပဲ… သူစိတ်လှုပ်ရှားစွာနဲ့ အော်လိုက်မိပါတယ်..
"ကလေး… ဒီမှာ ကလေး တစ်ယောက် ရှိနေတယ်…"
ကယ်ဆယ်ရေးအဖွဲ့တွေဟာ တက်ညီလက်ညီနဲ့ ပိတ်နေတဲ့အဆောက်အဦပျက်တွေ
အပိုင်းအစတွေကို ဖယ်ရှားကြပါတယ်..။ သေဆုံးနေတဲ့ အမျိုးသမီးရဲ့အောက်မှာတော့ ပန်းပွင့်တွေ ပါတဲ့ စောင်လေးနဲ့ထုပ်ပိုးထားတဲ့ သုံးလအရွယ် ကလေးလေးတစ်ယောက်ရှိနေပါတယ်..။
အမေဖြစ်သူက သူ့ကလေးအသက်ရှင်ဖို့အတွက်နောက်ဆုံးအချိန်ထိအသက်စွန့်ခဲ့တာပါ။ အိမ်ပြိုကျတဲ့အချိန်မှာ သူမဟာ သူမရဲ့ခန္ဓာကိုယ်ကိုကလေးအတွက်အကာ အကွယ်အဖြစ်ပြုလုပ်ပေး ခဲ့တာပါ..။
ကယ်ဆယ်ရေး ခေါင်းဆောင်ဟာ
ကလေးဖြစ်သူကို ကောက်ချီလိုက်ချိန်မှာတော့ကလေးဟာ
နှစ်ခြိုက်စွာအိပ်မောကျလျက်ရှိပါတယ်..။ဆရာဝန်တွေ အပြေးအလွှားရောက်လာပြီး ကလေးငယ်ကို ပြုစုပေးကြ ပါတယ်..။ကလေးကိုထုပ်ပိုးထားတဲ့အနှီးကို ဖွင့်လိုက်တဲ့အခါမှာ.. အနှီးထဲမှာဖုန်းလေးတစ်လုံးကို တွေ့ လိုက်ရတယ်..။
အဲ့ဒီဖုန်းမှာမက်ဆေ့(စ်)တစ်ကြောင်းရှိနေပါတယ်..။
ဒီဖုန်းလေးဟာ တစ်ယောက်ကနေတစ်ယောက်ဆီ လက်ဆင့်ကမ်းရောက်သွားပြီး ဖတ်မိသူတိုင်းမျက်ရည် မထိန်းနိုင်ခဲ့ကြပါဘူး..။
"သားတစ်ကယ်လို့ အသက်ရှင်ခဲ့မယ်ဆိုရင်..
အမေသားကို ဘယ်လောက်ချစ်တယ်ဆိုတာမမေ့ပါနဲ့…" တဲ့….။

သြော်… အမေ့မေတ္တာ…. ကြီးမားလှချေလားဗျာ…။
ကြိုးစားလျှက် မြန်မာအဲရင်းအဖွဲ့(၂ဝ၁၅ မေလ)

0 comments:
Post a Comment
မနောရမ္မမှကျောင်းသားဖြစ်ပါက Comment ရေးခဲ့ပါ။