Saturday, June 27, 2015

အနိုင်ဖြင့်ရှုံးခဲ့တဲ့ တို့မြန်မာဘောလုံးအသင်း


ဒို့ မြန်မာတွေ ရှုံးတယ် ဟုတ်လား
****************************
အေးဟုတ်တယ်ကွ ဒို့ မြန်မာတွေဘောလုံးပွဲ ရှုံးတယ်။
ပျောက်ဆုံးနေတဲ့ မြန်မာတို့ရဲ့ ဇာတိမာန်တွေ
အဲဒီဘောလုံးပွဲကြောင့်ပြန်ရလိုက်တာမင်းတို့မှ မသိပဲ။

ကွဲလွဲနေတဲ့ သဘောထားတွေ
စုပေါင်းညီညာ အောင်ကြောင်းဖြာပြီး
ရှေ့ကိုချီတက်ဖို့ စည်းလုံးမူတွေ
အဲဒီဘောလုံးပွဲကြောင့် ပြန်ရလိုက်တာမင်းတို့မှမသိပဲ။

မြန်မာဆိုတာ အထင်မသေးနဲ့
ကမ္ဘာသိအောင် ပြသခဲ့တာ
အဲဒီဘောလုံးပွဲနဲ့ဆိုတာ မင်းတို့မှမသိပဲ။

ကမ္ဘာမကြေ မြန်မာပြည်လို့
သံပြိုင်ဟစ်ကြွေး နိုင်ငံတော်သီချင်းကို
တလေးတစား အားမာန်အပြည့်နဲ့
သတိဆွဲပြီး ကလေးအစ လူကြီးအဆုံး
အဲဒီဘောလုံးပွဲကြောင့်လိုက်ဆိုကြလို့
ကမ္ဘာမြေကြီးတုန်ဟီးသွားတာ မင်းမှမသိပဲ။

ငါတို့မြန်မာတွေ
အရေးကြီးရင်သွေးစီးသတဲ့။
အမျိုးထိရင်မချိအောင် နာတတ်တဲ့ မျိုးချစ်စိတ်ဓါတ်တွေ
အဲဒီဘောလုံးပွဲက ဦးနှောက်ထဲရောက်အောင်
ရိုက်သွင်းပေးလိုက်တာ မင်းတို့မှ မသိပဲ။

ဒို့မြန်မာတွေ
အောင်မြင်မှု ပန်းတိုင်ကိုရောက်ဖို့
နောက်က ဘယ်လိုတွန်းအားတွေပေး
စိတ်ဓါတ်တွေမွေး အမြဲနိုးကြားနေဖို့
ဘယ်လိုပံပိုး ကူညီရမယ်ဆိုတာ
အဲဒီ ဘောလုံးပွဲကြောင့်
အသိတရားတွေရသွားတာ မင်းတို့မှမသိပဲ။

ဝါးအစည်းပြေနေတဲ့
ငါတို့ တိုင်းပြည်ကြီးကို
ညီညာကြလော့ ပေါင်းစည်းကြပါလော့
တိုင်းရင်းသားချင်းချစ်ခင်ကြပါလော့လို့
အဲဒီ ဘောလုံးပွဲကသတိပေးနိုးဆော်သွားလို့
ဒို့စိတ်ဓါတ်တွေ နိုးကြားလာတာ မင်းတို့မှမသိပဲ။

ဒို့မြန်မာနိုင်ငံဟာ
ကမ္ဘာ့ ရန်စွယ် အသွယ်သွယ်ရဲ့ အလယ်မှာ
မျက်နှာငယ်နေချိန်မှာ
မြန်မာ မြန်မာ မြန်မာဟေ့လို
ခေါင်းမော့ရင်ကော့ ဦးမော့ နိုင်အောင်
ညီညာ ဟစ်ကြွေး ညာသံပေးလို့
အဲဒီ ဘောလုံးပွဲနဲ့အတူ အောင်ပွဲအလီလီ
ချီတက်ရယူခဲ့တာ မင်းတို့မှ မသိပဲ။

အဲဒီ အရှုံးအတွက်
ငါတို့ ဝမ်းနည်းတယ်။
မြန်မာ တစ်ပြည်လုံး ပြည်သူတွေ
မျက်ရည်ဖုံးလို့ အားငယ်နေတာမှန်တယ်။
ဒါပေမဲ့ မင်းတို့ မသိတာ
နောက်တက်လာမဲ့ ခြေလှမ်းတွေ ပြင်ပြီး
မင်းတို့ကို မြန်မာပြည်က ကမ္ဘာမကြေဘူးဟေ့
ကမ္ဘာ မကြေဘူးဟေ့လို့
ကလေးအစ လူကြီးအဆုံး
ဟစ်ကြွေးနေဦးမယ်ဆိုတာ မင်းတို့မှ မသိပဲ။ 



ဒို့မြန်မာတွေ အရှုံးထဲက အမြတ်တွေအများကြီးရခဲ့ကြတယ်။ 
ဒို့မြန်မာတွေဆက်ကြိုးစားကြမယ်။
ဒို့မြန်မာတွေအောင်မြင်သည်အထိဆက်ကြိုးစားကြမယ်။


မြန်မာယူ၂၃ဘောလုံးအဖွဲ့ကိုအားပေးနေလျှက်....
မြန်မာအဲရင်းအဖွဲ့(၂ဝ၁၅ ဇွန်လ ၂၇ရက်) 
 
Share:

0 comments:

Post a Comment

မနောရမ္မမှကျောင်းသားဖြစ်ပါက Comment ရေးခဲ့ပါ။

Copyright © Myanmar Erin Group | Powered by Blogger
Created by Set Paing | Blogger Theme by NewBloggerThemes.com