Tuesday, June 16, 2015

မြန်မာယူ(၂၃) ဘောလုံးသူရဲကောင်းများသို့


မြန်မာယူ(၂၃)ဘောလုံးသူရဲကောင်းများသို့

မြန်မာ.....မြန်မာ.......
မြန်မာနိုင်ပြီ၊ စွမ်းရည်ကြံ့ခိုင်
ဆီမီးဖိုင်နယ်၊ မြန်မာလူငယ်များ
ခမ်းနားလှပ၊ ခြေစွမ်းပြခဲ့
ယူနှစ်ဆယ့်သုံး၊ ဘောလုံးသူရဲကောင်း
တစ်သောင်းဗိုလ်ခြေ၊ ညက်ညက်ကြေမျှ
အောင်မြေကိုနင်း၊ အောင်မြင်ခြင်းဆုလာဘ်
တန်ဖိုးမဖြတ်နိုင်၊ တစ်နိုင်ငံလုံး
အပြုံးပန်းတွေဝေ၊ မြန်မာ့မြေမှာ
ရွှေဘောလုံးခေတ်၊ သမိုင်းသစ်ကို
ဖွင့်လှစ်နေချင်ကြပြီလေ........။

မြန်မာ.....မြန်မာ......
မြန်မာနိုင်ပြီ၊ နိုင်ပြီဟေ့မြန်မာ
ဖိုင်နယ်မှာအားမွေး....
ကျန်သေးတဲ့တစ်ပွဲ၊ အပြိုင်နွှဲကြ......
မြန်မာ့ဂုဏ်ဆောင်၊ အားကစားမောင်တို့
ရွှေရောင်ဝင်းလက်၊ အောင်ပွဲဆက်ဖို့
သွက်လက်ခြေစွမ်း၊ အံ့မခန်းအောင်
အစွမ်းရှိသမျှ ၊ ထုတ်ပြကြလော့....
မြန်မာ့အမိမြေ၊ ပြည်သူတွေက
လှည်းနေလှေအောင်း၊မြင်းဇောင်းမကျန်
အားပေးသံတွေ.....
မိုးမြေသိမ့်သိမ့်ညံနေပြီ......။ 




ရေးဖွဲ့သူ....ဟင်္သာတဦးမြင့်ငွေ
မြန်မာအဲရင်းအဖွဲ့မှလည်း မြန်မာအသင်းအောင်မြင်စေကြောင်းဆုတောင်းလိုက်ပါသည်။ 

၁၅-၆-၂၀၁၅(တနင်္လာနေ့)၊ ညနေ ၆နာရီ ၃၀မိနစ်
မြန်မာ-ယိုးဒယား ဖိုင်နယ်ပွဲမကန်မီ မိနစ် ၃၀ အလိုဖြစ်သည်။
 
Share:

0 comments:

Post a Comment

မနောရမ္မမှကျောင်းသားဖြစ်ပါက Comment ရေးခဲ့ပါ။

Copyright © Myanmar Erin Group | Powered by Blogger
Created by Set Paing | Blogger Theme by NewBloggerThemes.com