Tuesday, June 9, 2015

သဲပွင့်မှသည် ပုလဲဆီသို့...


ဟိုးရှေးရှေးတုန်းက ကမာကောင်မွေးသူတစ်ယောက်ဟာ အလှဆုံးအကြီးဆုံး
ပုလဲတစ်လုံးပျိုးဖို့ စိတ်ကူးလိုက်တယ်။ ဒါကြောင့် သူဟာ ပင်လယ်ကမ်းစပ်သွားပြီး သဲရွေးခဲ့တယ်။
သဲတစ်ပွင့်ရွေးတိုင်း သဲတွေကို ပုလဲဖြစ်ချင်မဖြစ်ချင် သူမေးခဲ့ တယ်။ အမေးခံရတဲ့ သဲတိုင်းကပုလဲမဖြစ်ချင်ကြောင်း
ခေါင်းခါငြင်းဆန်ကြတယ်။ ကမာကောင်မွေးသူဟာ မနက်ကနေညနေ အထိရွေးခဲ့ပေမယ့် ပုလဲဖြစ်ချင်တဲ့
သဲတစ်ပွင့်တောင်မတွေ့ခဲ့ဘူး။ သူမျှော်လင့်ချက်မဲ့နေချိန်မှာ သဲတစ်ပွင့်ကပုလဲဖြစ်ချင် တယ်လို့ဆိုလာတယ်။
ပုလဲဖြစ်ချင်တဲ့ သဲပွင့်ကိုဘေးက ကျန်တဲ့သဲတွေကလှောင်ရယ်ကြတယ်။ သဲပွင့်ကိုတုံး,အတယ်၊ ဆွေမျိုးအပေါင်း
အသင်းကိုခွဲပြီး ကမာကောင်ဝမ်းထဲဝင်တယ်၊ နေမမြင် လမမြင်၊ စိုထိုင်းထိုင်းနဲ့ လေဝဝ မရှုရသလို
မှောင်မည်းမည်း၊ အေးစက်စက်၊ တစ်ယောက်တည်း အထီးကျန်ရတယ်၊ သွားနေဖို့မထိုက်ဘူးလို့ ဝိုင်းရယ်ကြတယ်။
အေပေါင်းအသင်းတွေ ဘယ်လိုပဲလှောင်ရယ်လှောင်ရယ် သဲပွင့်ဟာနောင်တမရစတမ်း
ကမာကောင်မွေးသူနောက် လိုက်သွားခဲ့တယ်။

ဒီလိုနဲ့ ရက်မှ လ၊ လမှ နှစ် အလီလီပြောင်းခဲ့တယ်။ သဲပွင့်လေးဟာ အခက်အခဲ၊ ဆင်းရဲဒုက္ခတွေကိုခံပြီး
လှပလင်းလက်တဲ့ အဖိုးတန်ပုလဲတစ်လုံး ဖြစ်လာခဲ့တယ်။ သူ့ကို လှောင်ရယ်ခဲ့တဲ့သဲပွင့်တွေကတော့
ပင်လယ်ကမ်းစပ်မှာ သဲမှုန်တွေအဖြစ်နဲ့ တည်ရှိနေတုန်းပါပဲ။

တကယ်တော့ လူတိုင်း အဖိုးတန်"ပုလဲ"တစ်လုံးဖြစ်နိုင်ပါတယ်။
လူတိုင်းလူတိုင်းမှာ ကိုယ်ပိုင်အရည်အချင်းကိုယ်စီ ရှိကြတယ်။
လှပတဲ့အဖိုးတန်ပုလဲတစ်လုံးဖြစ်ချင်ရင် ပြသနာအခက်အခဲတွေ့တိုင်း မတွန့်ဆုတ်ရဘူး၊
တခြားလူနဲ့မတူ လို့ဆိုပြီး ကိုယ့်ကိုယ်ကိုမသိမ်ငယ်ရဘူး။
လူ့ဘဝဆိုတဲ့ ကမာကောင်ထဲနေပြီး ဖြစ်လာသမျှ ဆင်းရဲဒုက္ခ အခက်အခဲတွေကို
ကြံ့ကြံ့ခံ ရင်ဆိုင်ဖြေရှင်းနိုင်ခဲ့မယ်ဆိုရင် အဖိုးတန်လှပတဲ့ ပုလဲတစ်လုံးဖြစ်နိုင်ပါတယ်။

သင်ဟာဘယ်လိုလူစားမျိုးလဲ။
သဲဘဝမှာပျော်နေပါသလား။ ပုလဲဖြစ်ချင်နေတဲ့ကြိုးစားနေသူလား။
သင်ကိုယ်တိုင်ရွေးချယ်နိုင်ပါတယ်။

အားလုံးကိုကြိုးစားစေလိုသောရည်ရွယ်ချက်ဖြင့်.....
မြန်မာအဲရင်းအဖွဲ့

Share:

1 comment:

  1. သမီးကတကယ်ဘဲ အဖိုးထိုက်တန်လှပတဲ့ ပုလဲတစ်လုံးဖြစ်နိုင်မလား။ အဖေကတော့ကြိုးစားရင်ဘာမဆိုဖြစ်နိုင်တယ်တဲ့။

    ReplyDelete

မနောရမ္မမှကျောင်းသားဖြစ်ပါက Comment ရေးခဲ့ပါ။

Copyright © Myanmar Erin Group | Powered by Blogger
Created by Set Paing | Blogger Theme by NewBloggerThemes.com