Monday, June 8, 2015

သစ်ခုတ်သမားသား ဘီလ်ဂိတ်


စားသောက်ဆိုင်မှာ ဘီလ်ဂိတ်တစ်ယောက် စားသောက်ပြီးလို့ ဘေလ်ရှင်းတဲ့အခါ
စားပွဲထိုးကို မုန့်ဖိုးအနေနဲ့ ၅ ဒေါ်လာပေးပါတယ်။


မုန့်ဖိုး ၅ ဒေါ်လာရရှိတဲ့ စားပွဲထိုး အနေနဲ့ထူးခြားတဲ့ခံစားချက်တစ်ခုဖြစ်လာကြောင်း မျက်နှာကဖော်ပြနေတော့
ဘီလ်ဂိတ်က"ဘာစိတ်အလိုမကျ ဖြစ်တာလဲ" လို့ ပွင့်ပွင့်လင်းလင်းပဲမေးလိုက်ပါတယ်။
စားပွဲထိုးက" ဘာမှ မဖြစ်ပါဘူး ဆရာ"။


"ဆရာ့သား ဒီဆိုင်မှာလာစားရင် အမြဲတမ်း မုန့်ဖိုး ဒေါ်လာ ၅ဝဝ ပေးပါတယ်။ "
"ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်
သူ့အဖေ ဖြစ်တဲ့ဆရာကျတော့ဘာလို့ ၅ ဒေါ်လာပဲပေးတယ်ဆိုတာကို စဉ်းစားနေမိတာပါ"

ဘီလ်ဂိတ်က ယခုလိုပဲ ခပ်ပြုံးပြုံးပဲ ဖြေလိုက်ပါတယ်။
"အင်း.....သူက ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ရဲ့  သားလေ။
ကျွန်တော်ကတော့ သစ်ခုတ်သမားရဲ့  သားမို့လို့ပါ"တဲ့ဗျာ။

သူဌေးသားကသူကိုယ်တိုင်မရှာရတော့ငွေတန်ဖိုးမသိပေမယ့်၊
သူဌေးကြီးကတော့ကိုယ်တိုင်ရှာထားရတော့ငွေတန်ဖိုးပိုသိတာပေါ့။

ကဲ...မိတ်ဆွေတို့ရဲ့ဖခင်ကကော ဘာအလုပ်လုပ်တဲ့သူများပါလိမ့်။

မြန်မာအဲရင်းအဖွဲ့ 

 
Share:

0 comments:

Post a Comment

မနောရမ္မမှကျောင်းသားဖြစ်ပါက Comment ရေးခဲ့ပါ။

Copyright © Myanmar Erin Group | Powered by Blogger
Created by Set Paing | Blogger Theme by NewBloggerThemes.com