Tuesday, June 2, 2015

ဝသန်ကာလ၊ မိုးကျတည့်လျှင်


ဝသန်ကာလ၊ မိုးကျတည့်လျှင်၊
ပျော်ပျော်ပါးပါး၊ မယားနှင့် ဆွေငယ်လင်။
လက်တွဲငယ်ခြေငင်၊ ကိုယ်တွင်အဝတ်။
ပုဆိုး အင်္ကျီ၊ စုတ်ပြဲပြီ၊
ချည်နီဗေါင်း တွတ်တွတ်ကယ်နှင့်လေး။


မိုးရေစွတ်လို့  အဝတ်ကယ်မပါ။
သားသ္မီးကို၊ ကိုယ်ထီးပွေ့လို့သာ။
ဆေးတံတထွာ၊ ကိုက်ကာထွန်ရင်း။
လယ်ကွက်ကယ်တခွင်၊ ထွန်ရေးငင်၊
ရေဝင်ပုစွန်တွင်းငယ်နှင့်လေး။

ဖားပေါင်စင်းငယ်၊ ခြင်းပလိုင်းဝယ်။
ခရုပိလော၊ ရောနှော၍သာလွယ်။
ဟင်းရွယ်ကယ်နုနယ်၊ တသွယ်ကန်စွန်း။
ဆူးပုပ်ကယ်ကင်းပုံ၊ အလုံးစုံ၊
ဖူးငုံသာရော၍ ပြွမ်းသည်နှင့်လေး။


ချိုလည်းချိုလွန်း၊ ရည်ရွှမ်းများစွာ။
ကြံ့ဟင်းကြွက်နားပေါင်း၊ သောင်းပြောင်းရော၍သာ။
အိမ်သို့ရောက်ခါ၊ လျင်စွာချက်ပြုတ်။
ထမင်းကပူ၊ ဟင်းကပူ၊
ရှူရှူသာ ရှမ်းငရုတ်ကယ်နှင့်လေး။


အလုပ်ကယ်ဧရာသာ၊ ငုံ့ကာလွေးတော့သည်။
သားမြေးငယ်မာချာ၊ ဘယ်ညာထွေးတော့သည်။
ဝန်ကြီးပဒေသရာဇာ (လယ်သမားဘဝ) 


မြန်မာအဲရင်းအဖွဲ့(၂ဝ၁၅ ဇွန်လ) 
 
Share:

0 comments:

Post a Comment

မနောရမ္မမှကျောင်းသားဖြစ်ပါက Comment ရေးခဲ့ပါ။

Copyright © Myanmar Erin Group | Powered by Blogger
Created by Set Paing | Blogger Theme by NewBloggerThemes.com