ဇာတိမာန်
ဒါတို့တိုင်းတို့ပြည် တို့မြန်မာတွေ၊ ဒါတို့တိုင်းတို့ပြည် တို့မြန်မာတွေ၊
မြင့်မြတ်တဲ့ ဂုဏ်ကျက်သရေ ကျုပ်တို့ရဲ့ ရွှေထီးရွှေနန်း တင့်ဆန်းပေ။

အာဇာနည်ဗုဒ္ဓဘာသာ အမျိုးသားတိုင်းပြည်၊ ရာဇဝင် ရှေးထုံးစဉ်လာ ထွန်းတောက်ခဲ့ပေ။
ပိုင်ဆိုင်သူဘိုးဘွားဘီဘင် တို့အမွေ တို့ပြည် တို့မြေ။

ရိုးရာအခြေ မညှိုးပါသလေ မျိုးသာကီဝင် ဆင်းသက်ပေ
ဒါတို့ရွှေထီး ဒါ တို့မြေကြီး စည်းကြီးခရိုင် ကိုယ်ပိုင် မြန်မာပြည်။
တက်လူတွေ တက်လူတွေ လုံ့လဝီရိယရှိပြီ မျိုးဂုဏ်တက်အောင် ရွက်ဆောင် တို့တာဝန်မှန်ပေ။
အာဇာနည်ဗုဒ္ဓဘာသာ အမျိုးသားတိုင်းပြည် ရာဇဝင် ရှေးထုံးစဉ်လာ ထွန်းတောက်ခဲ့ပေ။
ပိုင်ဆိုင်သူဘိုးဘွားဘီဘင် တို့အမွေ တို့ပြည် တို့မြေ။
မျိုးရိုးက တန်ခိုးရှိခဲ့သလေ ထီးနန်းနဲ့ စံမြန်းလာတာတွေ၊
မျိုးရိုးက တန်ခိုးရှိခဲ့သလေ ထီးနန်းနဲ့ စံမြန်းလာတာတွေ
ကမ္ဘာမိုးမြေ တေဇာတော်ဖြိုးဝေ မဟာမျိုးတွေ စိတ်အားတက်ကြလေ
ကမ္ဘာမိုးမြေ တေဇာတော်ဖြိုးဝေ မဟာမျိုးတွေ စိတ်အားတက်ကြလေ ။
ရွှေမှန်းကင်းအစစ် ဝင်းဝင်းတောက်ခဲ့ပေ၊ နောင်လာနောင်သားတွေ သိအပ်ကြတဲ့အခြေ
ရွှေမှန်ကင်းအစစ် ဝင်းဝင်းတောက်ခဲ့ပေ၊ နောင်လာနောင်သားတွေ သိအပ်ကြတဲ့အခြေ။
မြန်မာချင်း ရိုင်းပင်းစေ ဘုန်းတန်ခိုးတိုးတက်ကြဖို့ ခေတ်ကောင်းရောက်ပေါ့လေ။
မျိုးကျက်သရေ တိုးတက်စေ အောင်ကြောင်း မင်္ဂလာအခြေ
တမိုးအောက်မြေ တန်ခိုးတောက်ပေ ခေတ်ကောင်းရောက်ပြီလေ၊
မျိုးကျက်သရေ တိုးတက်စေ အောင်ကြောင်း မင်္ဂလာအခြေ
တမိုးအောက်မြေ တန်ခိုးတောက်ပေ ခေတ်ကောင်းရောက်ပြီလေ။
အောက်ကျမခံဘူးဟေ့ အမျိုးသားတို့ရေ၊
အောက်ကျမခံဘူးဟေ့ အမျိုးသမီးတို့ရေ
မြန်မာအပေါင်းအကြောင်းသိစေ အာဇာနည်တွေ၊
ရွှေမှန်ကင်းအချင်းတို့ရေ အာဇာနည်တွေ
တိုင်းပြည်လုံးပဲ နယ်လုံးပဲ ညီညွတ်ကြစေ
မျိုးရိုးက အထက်တန်းစားတွေ။
ရိုးရာအခြေ မညှိုးပါသလေ မျိုးသာကီဝင် ဆင်းသက်ပေ
ဒါတို့ရွှေထီး ဒါ တို့မြေကြီး စည်းကြီးခရိုင် ကိုယ်ပိုင် မြန်မာပြည်။
တက်လူတွေ တက်လူတွေ လုံ့လဝီရိယရှိပြီ မျိုးဂုဏ်တက်အောင် ရွက်ဆောင် တို့တာဝန်မှန်ပေ။
အာဇာနည်ဗုဒ္ဓဘာသာ အမျိုးသားတိုင်းပြည်
ရာဇဝင် ရှေးထုံးစဉ်လာ ထွန်းတောက်ခဲ့ပေ။
ပိုင်ဆိုင်သူဘိုးဘွားဘီဘင် တို့အမွေ တို့ပြည် တို့မြေ။
ရွှေတိုင်ညွန့်
မြန်မာအဲရင်းအဖွဲ့ (၂ဝ၁၅ ဇွန်လ)

0 comments:
Post a Comment
မနောရမ္မမှကျောင်းသားဖြစ်ပါက Comment ရေးခဲ့ပါ။