Tuesday, June 2, 2015

ချစ်သူသိစေ

ချစ်သူသိစေ

ပန်းပွင့်ရှိမှရနံ့ရတာမဟုတ်ဘူး
ဖူးသည့်တစ်ငုံ ထုံသည့်တစ်ပွင့်
နမ်းခွင့်တစ်ရှိုက်ရခိုက်မှာ
ထာဝရအမြဲတည်။
နှလုံးသားမှာ စွဲမြဲစွာထုံရစ်
ဆွတ်ပျံ့နေ ချစ်သူသိစေ........

တွေ့ခွင့်ရမှ မင်းမျက်နှာလဝန်း
ကြည့်ခွင့်တစ်ခါ မြင်ခွင့်တစ်လှည့်
မင်းမရှိလည်းစွဲမြဲစွာ ဘယ်လောက်ဝေးနေ
မော့ကြည့်ရင် မိုးကောင်းကင်လိုရှိ
တွေ့မြင်လို့နေ ချစ်သူသိစေ......

ဘယ်လောက်ဝေးဝေး ဘယ်မှာဖြစ်ဖြစ်
တွယ်နှောင်ရစ်ငင် အိပ်မက်မှာအစဉ်အမြဲရှိ
နေရာချင်းလွဲလွဲ ဒေသချင်းကွဲကွဲ
မြင်ယောင်စိတ်အစဉ် အိပ်မက်မှာရှိ ။

ဖွင့်ဟပြောမှ ကြားတတ်တာမဟုတ်ဘူး
စီးဆင်းတဲ့စိမ့်စမ်းရေ
ကျေးငှက်တို့တီးတိုးသံ ချိုစွာကြားရင်
မင်းစကားသံ စွဲမြဲစွာကျန်ရစ်
ကြားလို့နေ ချစ်သူသိစေ.......

တွေ့ခွင့်ရမှ မင်းမျက်နှာလဝန်း
ကြည့်ခွင့်တစ်ခါ မြင်ခွင့်တစ်လှည့်
မင်းမရှိလည်းစွဲမြဲစွာ ဘယ်လောက်ဝေးနေ
မော့ကြည့်ရင် မိုးကောင်းကင်လိုရှိ
တွေ့လို့နေ ချစ်သူသိစေ.......

ဘယ်လောက်ဝေးဝေး
ဘယ်မှာဖြစ်ဖြစ် တွယ်နှောင်ရစ်ငင်
အိပ်မက်မှာ အစဉ်အမြဲရှိ
နေရာချင်းလွဲလွဲ ဒေသချင်းကွဲကွဲ
မြင်ယောင်စိတ်အစဉ် အိပ်မက်မှာရှိ ။

ဖွင့်ဟပြောမှ ကြားတတ်တာမဟုတ်ဘူး
စီးဆင်းတဲ့စိမ့်စမ်းရေ
ကျေးငှက်တို့ တီးတိုးသံ ချိုစွာကြားရင်
မင်းစကားသံ စွဲမြဲစွာကျန်ရစ်
ကြားလို့နေ ချစ်သူသိစေ....... 


မောင်စိန်ဝင်း(ပုတီးကုန်း) 

မြန်မာအဲရင်းအဖွဲ့(၂ဝ၁၅ ဇွန်လ) 
 
Share:

0 comments:

Post a Comment

မနောရမ္မမှကျောင်းသားဖြစ်ပါက Comment ရေးခဲ့ပါ။

Copyright © Myanmar Erin Group | Powered by Blogger
Created by Set Paing | Blogger Theme by NewBloggerThemes.com