Tuesday, June 9, 2015

နို့တစ်ခွက်


တနေ့မှာ ဆင်းရဲသားကောင်လေး တစ်ယောက် တအိမ်တက် တအိမ်ဆင်းပြီး
သူကျောင်းတက်ဖို့အတွက် နွားနို့လိုက်ရောင်းနေပါတယ်။ လိုက်ရောင်းရင်း ဗိုက်ကဆာလာတယ်၊
နွားနို့က စက်ရုံထုတ်ဖြစ်တဲ့အတွက် ဖောက်သောက်ရင်ပိုက်ဆံက ပေးစရာမရှိ၊
လူမိရင်အလုပ်ရှင်ကအလုပ်ဖြုတ်နိုင်တယ်၊ အဲဒါနဲ့ အိမ်တစ်အိမ်မှာ ရေတစ်ခွက်တောင်းသောက်တယ်။

အိမ်ရှင်မက ဆင်းရဲသားကောင်လေးကိုကြည့်ပြီး ကောင်လေးကဗိုက်ဆာနေမှန်းသိတော့
ကောင်လေးရောင်းတဲ့ နို့ကိုဝယ်ပြီး ခွက်ထဲထည့်ကာ ကောင်လေးကိုတိုက်လိုက်တယ်။
ကောင်လေးကို ဖြည်းဖြည်းခြင်းသောက်ပြီး ကျွန်တော်အန်တီဆီက
အကြွေးဘယ်လောက်ရှိသွားသလဲခင်ဗျာလို့မေးတယ်။
အိမ်ရှင်မကလည်း ဘာအကြွေးမှမရှိပါဘူးကွယ်ကလေးလို့ ပြန်ဖြေတယ်။

အဲဒီတော့ ကောင်လေးက........
"အမေက ပြောထားတယ် ဘယ်သူဆီကမှ ဘယ်တော့မှအလကားမယူရဘူးတဲ့"
အိမ်ရှင်မကပြုံးပြီး အန်တီအမေကလည်း "အကြင်နာတရားကြောင့်ဖြစ်လာတဲ့စေတနာဆီက
ပိုက်ဆံမယူဖို့ သင်ပြထားပါတယ်ကလေး" လို့ ပြန်ဖြေတယ်။
ကောင်လေးကလည်း အဲဒါဆိုရင်ကျနော်နှလုံးသားကအရင်းတည်ပြီး ကျေးဇူးတင်ပါတယ်ခင်ဗျားလို့ ပြောပြီး
အိမ်ရှင်မကိုသေချာကြည့်ကာနှုတ်ဆက်ပြီး သူ့ နွားနို့ကိုဆက်ရောင်းဖို့ထွက်ခွါသွားခဲ့ပါတယ်။

အဲဒီလိုနဲ့ နှစ်တော်တော်ကြာသွားတော့ အဲဒီအိမ်ရှင်မဟာ ရုတ်တရုက်အပြင်းဖျားတော့တယ်၊
ရောဂါကလည်း ရှာမတွေတာနဲ့ မြို့ကြီးကိုပို့ပြီး အထူးကုတွေဆီကကုသစေတယ်။
အဲဒီမှာအထူးကု Dr. Howard Kelly (1858-1943) က အိမ်ရှင်မကိုကြည့်ပြီး
ချက်ချင်းပဲသူအစွမ်းကုန်ကုသပေးတယ်။ နောက်ဆုံး အိမ်ရှင်မမှာပြန်လည်ကျန်းမာလာတယ်၊
သူယောင်္ကျားက ကွယ်လွန်သွားတဲ့အတွက် ဆေးဖိုးတွေအားလုံးအတွက် သူ့ညီမမှ အိမ်ကိုရောင်းပြီးပေးဖို့
သူ့ကို အကြံပေးတော့ အိမ်ရှင်မ ကလည်း အဲလိုပဲလုပ်ရတာပေါ့ဆိုပြီး၊
ဆေးရုံ counter မှာ ကျသင့်ငွေဘယ်လောက်လဲဆိုတာသွားမေးကြတယ်။

အဲတော့ counter မှ စာရွက်လေးတစ်ရွက် သူ့ကိုပေးလိုက်တယ်။
အဲစာရွက်မှာ ရေးထားတာက " Paid in full with one glass of milk " .
နွားနို့တစ်ခွက်တန်ဖိုးဖြင့် ခွဲစိတ်ကုန်ကျငွေများအားလုံးပေးချေပြီးတဲ့။
အဲဒီစာကြောင်းလေးကိုဖတ်ပြီး သူမသဘောပေါက်သွားတယ်။
သူမကူညီခဲ့တဲ့ ကောင်လေးဟာ အထူးကုဆရာဝန်ဖြစ်နေတာဆိုတာပါ။

စေတနာဆိုတာ အမြဲတမ်းရောင်ပြန်ဟပ်ပါတယ်၊
ကိုယ့်စေတနာသာမှန်ပါစေ နှစ်လကြာသော်လည်းရောင်ပြန်ပါတယ်။
ဒါကြောင့်စေတနာအပြည့်ဖြင့် ဒုက္ခရောက်နေသူများကိုကူညီကြပါစို့။

စာဖတ်သူအားလုံးကို စေတနာအပြည့်ဖြင့် မြန်မာအဲရင်းအဖွဲ့
Share:

0 comments:

Post a Comment

မနောရမ္မမှကျောင်းသားဖြစ်ပါက Comment ရေးခဲ့ပါ။

Copyright © Myanmar Erin Group | Powered by Blogger
Created by Set Paing | Blogger Theme by NewBloggerThemes.com