Tuesday, June 9, 2015

တူသောအကျိုးပေး


တစ်ခါတုန်းက.. လယ်သမားကြီးတစ်ဦးရှိသတဲ့…။
သူဟာနှစ်စဉ် အင်မတန်မှ ဖွံ့ထွားလှပတဲ့ ပြောင်းဖူးတွေကိုစိုက်ပျိုးပြီး
မြို့ ပေါ်ကသစ်သီးဝလံပြပွဲမှာလည်းနှစ်စဉ်ဆုတွေ ရပါသတဲ့…။

တစ်နေ့မှာတော့ သတင်းထောက်တစ်ယောက်က သူ့ကိုအင်တာဗျူးပါတယ်…။
ဘယ်လိုများ ဒီလိုလှပဖွံ့ထွားတဲ့ ပြောင်းဖူးတွေကိုစိုက်သလဲပေါ့..။
သတင်းထောက်ဟာမေးရင်းနဲ့ လယ်သမားကြီးကသူ့ဆီကမျိုးကောင်းမျိုးသန့်တွေကို
လယ်နီးနားချင်းတွေကိုမျှဝေပေးတယ်ဆိုတာကို သိရတော့အံ့သြစွာနဲ့မေးပါတယ်..။

“ နေပါဦးဗျ… ခင်ဗျားက ဘာလို့ကိုယ့်ဆီက အကောင်းဆုံးမျိုးစေ့တွေကို လယ်နီးနားချင်းတွေဆီမျှပေးရတာလဲ…
သူတို့လည်းပြိုင်ပွဲမှာဝင်ပြိုင်ကြတာမဟုတ်လား…” ဆိုတော့ လယ်သမားကြီးက…
“ ဒီလိုရှိတယ်ဗျ… လေကဝတ်မှုန်လေးတွေကို ဟိုဘက်အခင်းကနေ
ဒီဘက်အခင်းကို သယ်ဆောင်ပြီးဝတ်မှုန်ကူးတယ်လေ…
တကယ်လို့...ကျုပ်လယ်နီးနားချင်းတွေက မျိုးစေ့ညံ့တာတွေစိုက်ထားရင်..
အပြန်အလှန်ဝတ်မှုန်ကူးမှုကြောင့် သူတို့ဆီက အရည်အသွေးညံ့တာတွေ ကျုပ်အပင်တွေဆီကူးလာနိုင်တယ်…
ကျုပ်ကအမျိုးကောင်းတွေစိုက်ထားရင် လယ်နီးနားချင်းတွေကိုလည်း အမျိုးကောင်းစိုက်နိုင်အောင်
ကျုပ်ကူညီရမယ်ဗျ…”လို့ ပြန်ဖြေလိုက်ပါတယ်….။
…………………………………………………………………………

ဒါဟာ…ကျွန်တော်တို့ဘဝပဲဗျ…။
ဘဝမှာ ငြိမ်းချမ်းစွာနေထိုင်သွားလိုသူဟာ…ပတ်ဝန်းကျင်ကိုလည်း ငြိမ်းချမ်းအောင်ကူညီရမယ်….။
ဘဝတစ်ခုရဲ့  တန်ဖိုးဆိုတာကို သူနဲ့ဆက်စပ်နေတဲ့ ပတ်ဝန်းကျင်ရဲ့  အခြေအနေနဲ့တိုင်းတာရမယ်….။
စိတ်ချမ်းသာပျော်ရွှင်ချင်တဲ့သူဟာ… သူတစ်ပါးကိုလည်းစိတ်ချမ်းသာပျော်ရွှင်အောင်ကူညီပေးရမယ်..။
ဘာလို့လဲဆိုတော့… ကျွန်တော်တို့တတွေကိုယ်စီ ငြိမ်းချမ်းဖို့ဆိုတာအားလုံးငြိမ်းချမ်းမှဖြစ်မယ်…။
ဒါကြောင့် ကိုယ်စိုက်တဲ့ပြောင်းဖူးကောင်းချင်ရင်..
သူများအခင်းက ပြောင်းဖူးကောင်းအောင်လည်း ကူညီပေးရမယ်...တူသောအကျိုးဆိုတာပေါ့။
သင်စာတော်ချင်ရင် သူများတွေလည်းစာတော်အောင်လုပ်ပေးပါ။
သင်အောင်မြင်ချင်ရင် သူများတွေကိုအောင်မြင်အောင်လုပ်ပေးပါ။
သင်ချမ်းသာချင်ရင် သူများတွေကိုလည်းချမ်းသာအောင်လုပ်ပေးပါ။

အားလုံးကောင်းဖို့ အားလုံးကြိုးစားကြပါစို့။
အမြဲတမ်းကြိုးစားနေမည့် မြန်မာအဲရင်းအဖွဲ့

Share:

0 comments:

Post a Comment

မနောရမ္မမှကျောင်းသားဖြစ်ပါက Comment ရေးခဲ့ပါ။

Copyright © Myanmar Erin Group | Powered by Blogger
Created by Set Paing | Blogger Theme by NewBloggerThemes.com