Tuesday, June 9, 2015

အမြင်မျိုးစုံ လောကဘုံ


တစ်ခါက သားအဖနှစ်ဦးဟာလုပ်ငန်းတစ်ခုအတွက် ခရီးတစ်ခုကို အစပြုခဲ့ကြတယ်...
မြင်းကလေးနဲ့ပေါ့....။ ခရီးကလည်းရှည်... ဝေးကလည်း ဝေးလေတော့ လမ်းမှာအဆင်ပြေသလို သွားခဲ့ကြတယ်တဲ့။
ပထမခရီးအစမှာ သားအဖနှစ်ဦးဟာ လိုအပ်တဲ့ဝန်စည်စလယ်တွေနဲ့အတူ မြင်းကလေးကို စီးလာခဲ့ကြတယ်တဲ့...။
ဒီအချိန်မှာ လယ်တဲကိုလုပ်ငန်းခွင်ဝင်ဖို့ သွားနေသူတစ်ဦးက“ ဒီသားအဖကလည်း ကိုယ်ချင်းမစာဘူး၊
မြင်းကိုလူတင်စီးတာ မဟုတ် ဘူး... ပစ္စည်းတွေကိုပါ မဆန့်မပြဲ တင်ထားသေးတယ်....”လို့ ပြစ်တင်ဝေဖန်ခဲ့သတဲ့...။

ဒီလိုနဲ့ နေနည်းနည်းမြင့်လာတဲ့အခါမှာ ဖခင်ဖြစ်သူကမြင်းပေါ်ကဆင်းပြီးလမ်းလျှောက်ပါသတဲ့....
မြင်းကလေးကိုစာနာလို့နဲ့တူပါတယ်။ ဒီအချိန်မှာဘုန်းကြီးကျောင်းကိုဥပုဒ်စောင့်သွားတဲ့အမေကြီးတစ်ဦးနဲ့လမ်းမှာဆုံတော့
“ သားဖြစ်တဲ့သူကလည်း ဂါရဝတရားကို မရှိဘူး....ဖအေကလမ်းလျှောက်နေရတယ်... တကယ်ပါပဲ” လို့ ညီးတွားသတဲ့။

နေ့လည်ခင်းကိုရောက်တော့ သားအဖနှစ်ယောက်လည်း နေ့လည်စာစား...၊
မြင်းကလေးကိုလည်း အစာကျွေးပြီးတော့ နေ့လည်ခင်းနေပြင်းတာကြောင့် သားအဖနှစ်ယောက်လမ်းလျှောက်ပြီး
မြင်းကျောပေါ်မှာတော့ပစ္စည်းတွေကိုသာတင်ပြီး မြင်းကလေးကို ဆွဲလာပါသတဲ့၊
ဒီအချိန် တစ်နယ်တစ်ကျေးကလာတဲ့ ကုန်သည်တစ်ဦးနဲ့ လမ်းမှာဆုံတော့ ကုန်သည်ကြီးက
“ မိုက်လိုက်တာဗျာ ခင်ဗျားတို့မြင်းကိုအလှမွေးထားတာလား မြင်းဆိုတာစီးဖို့လေဗျာ...တကယ့်လူမိုက်တွေပါပဲ” လို့
မချိတင်ကဲ ပြောသွားပါသတဲ့....။

ဒီလိုနဲ့ ခရီးဆက်လာလိုက်တာ နေနည်းနည်းစောင်းလာတော့ သားဖြစ်တဲ့သူက ဖခင်ကိုမြင်းစီးစေပြီးသူကတော့
မြင်းကလေး ကိုဆွဲပြီး ဆက်လက်ထွက်ခွါလာကြတယ်တဲ့.....၊
ဒါကိုအလုပ်သိမ်းပြီး ပြန်လာတဲ့သူတစ်ဦးကတွေ့လေတော့ “ ဖအေကလည်းကွာ ကလေးကို မညှာမတာ
သူကျတော့ မြင်းစီးလာတယ်... ဘယ်လိုလူမှန်းကို မသိပါဘူး” လို့ ငြီးတွားခဲ့တယ်တဲ့...။

ဒါပေမဲ့လည်း အချိန်တန်တော့ သားအဖနှစ်ယောက်ဟာ လိုရာခရီးကို မြင်းကလေးနဲ့အတူ အောင်အောင်မြင်မြင်
အခက်အခဲ မရှိ ရောက်ရှိခဲ့ကြပါတယ်တဲ့....။ သူတို့ ဖြတ်သန်းလာတဲ့ လမ်းခရီးတစ်လျှောက်မှာ ကြုံတွေ့ခဲ့ရတဲ့ သူတွေရဲ့
မှတ်ချက်စကားတွေ ညီးတွားမှုတွေနဲ့ ပါတ်သက်ပြီး ဖခင်ဖြစ်သူကသားဖြစ်သူကို ဆုံးမပြောကြားရာမှာ...

“ သား...... လူဆိုတာ အမြင်အမျိုးမျိုး ရှိကြတယ်...
အမြင်အမျိုးမျိုးကြောင့် ဖြစ်ပေါ်လာတဲ့အမြင်တွေအတိုင်း ခိုင်းနှိုင်းဆုံးဖြတ်ကြတယ်၊
သူ့တို့အမြင် သူ့တို့ အတွေးတွေက အခြေအနေနဲ့ အချိန်အခါအရ မှန်ကန်ကြလိမ့်မယ်၊
သို့သော်လည်းတကယ်တမ်း ခရီးသွားကြတာက…….. ဒို့သားအဖနှစ်ယောက်ပဲ....
ဒို့အတွက် အကောင်းဆုံးအဖော်အဖြစ်နဲ့ လိုရာခရီးကို ကောင်းမွန်စွာ ရောက်ရှိနိုင်စေဖို့
အထောက်အပံ့ပေးတာက ဒို့ရဲ့ မြင်းကလေးပဲ...

ဒါကြောင့် အချိန်အခါနဲ့အခြေအနေအရ ဒို့သားအဖအချင်းချင်း နားလည်စွာနဲ့မြင်းကလေးကို
ကောင်းမွန်စွာစောင့်ရှောက်ရင်း မပျင်းမရိ ခရီးဆက်ခဲ့ကြလို့ အခု ရည်မှန်းချက်ကိုရောက်ခဲ့ကြပြီ၊
ဒါကြောင့် သားရေမှန်ကန်တဲ့ရည်မှန်းချက်ကို စိတ်ရှည်ရှည်ထားပြီးတ်ာတည့်မှန်ကန်စွာခရီးဆက်ပါ...”လို့ မှာကြားခဲ့တယ်တဲ့...။

လူဆိုတာက ခက်သား၊ ကိုယ့်အမြင်တွေနဲ့ တစ်ဖက်သားကိုဝေဖန်တတ်တဲ့စရိုက်ကိုယ်စီရှိကြတယ်။
ကာယကံရှင်တွေကို ကူညီသလိုလိုနဲ့ အပြစ်တင်တတ်လေ့ရှိတယ်။
အောင်မြင်ခြင်ရင်တော့ ကိုယ့်လမ်းကိုယ်ရဲရဲ လျှောက်တတ်ဖို့လိုပါတယ်။

အားလုံးအောင်မြင်မှုတွေကိုယ်စီကိုယ်စီရရှိကြပါစေ။
မြန်မာအဲရင်းအဖွဲ့

Share:

0 comments:

Post a Comment

မနောရမ္မမှကျောင်းသားဖြစ်ပါက Comment ရေးခဲ့ပါ။

Copyright © Myanmar Erin Group | Powered by Blogger
Created by Set Paing | Blogger Theme by NewBloggerThemes.com