Tuesday, June 9, 2015

ချစ်ခြင်းမေတ္တာ


တစ်ခါက ခရီးဝေးကလာတဲ့ အဖိုးကြီးသုံးယောက်က အိမ်တစ်အိမ်ရှေ့မှာ
အမောဖြေနားနေကြတယ်။ အဲအချိန်မှာ အိမ်ရှင်မက ထွက်လာပြီး အိမ်ထဲဝင်ဖို့ ဖိတ်ခေါ်ခဲ့တယ်။
သူမအဲဒီလိုဖိတ်လိုက်တော့ အဖိုးကြီးတစ်ယောက်က ထပြောတယ်..

" အဖိုးတို့ သုံးယောက်စလုံးတော့ အိမ်ထဲကိုလိုက်လို့မရဘူး။
ခေါ်ချင်တယ်ဆို ငါတို့ထဲကတစ်ယောက်ကိုပဲရွေးခေါ်လို့ရမယ်။
အဘဘေးနားက သူငယ်ချင်းနာမည်က " ဘိုးချမ်းသာ " ဖြစ်ပြီး၊
ဟိုဘက်ဘေးကသူငယ်ချင်းကတော့ " ဘိုးအောင်မြင် " လို့ခေါ်ပြီး၊
အဘနာမည်ကိုတော့ " ဘိုးမေတ္တာ " လို့ခေါ်တယ်ကွယ်..

ဒီတော့ သမီးအိမ်ထဲကိုပြန်ဝင်သွားပြီး ဘယ်သူ့ကိုခေါ်မယ်ဆိုတာကို
သမီးယောက်ျားနဲ့ သွားတိုင်ပင်လိုက်ပါဦးလို့" စေလွှတ်လိုက်တယ်.......
အိမ်ရှင်မလည်း အိမ်ထဲဝင်ပြီးတိုင်ပင်တော့ ခင်ပွန်းက " ဘိုးအောင်မြင် " ကို ဝင်ခွင့်ပြုရအောင် ၊
ယောက္ခမက " ဘိုးချမ်းသာ " ကိုသာ ဖိတ်ခေါ်သင့်တယ်နဲ့ တစ်ယောက်တစ်ပေါက် အကြံပေးကြတယ်.........

ဒေါင့်နားလေးမှာကပ်နေတဲ့ ချွေးမ ဖြစ်သူကတော့ ကျမသာဆို " ဘိုးမေတ္တာ " ကိုပဲဝင်ခွင့်ပြုမှာ
သူသာရှိရင် ကျမတို့ အိမ်လေးသာယာနေမှာ"လို့ပြောလိုက်တာနဲ့
အားလုံးက ဘိုးမေတ္တာကို ဖိတ်ခေါ်ဖို့သဘောတူခဲ့ကြပြီးအိမ်ရှင်မက ' ဘိုးမေတ္တာ ' ကို
ဖိတ်ခေါ်လိုက်တဲ့အချိန်မှာတော့အဖိုးအိုသုံးဦးစလုံးဟာ အိမ်ထဲဝင်ဖို့ပြင်လိုက်ကြပါတော့တယ်..

ဘိုးမေတ္တာ ကိုဖိတ်ပေမယ့် ကျန်နှစ်ဦင်္းကဘာကြောင့်လိုက်ဝင်ရသလဲလို့
အိမ်ရှင်မကနားမလည်စွာမေးလာတဲ့အခါမှာတော့ " အကယ်၍မင်းကသာ ' ဘိုးချမ်းသာ ' နဲ့ ' ဘိုးအောင်မြင် ' ထဲက
တစ်ယောက်ယောက်ကို ဖိတ်ခဲ့မယ်ဆိုရင် ကျန်၂ယောက်က အပြင်မှာ ကျန်နေရစ်ခဲ့မှာအမှန်ပဲ ....
ဒါပေမယ့် အခုမင်းက ဘိုးမေတ္တာကို ဖိတ်လိုက်တာဆိုတော့ အဘတို့က သူ့နောက်ကိုလိုက်ကိုလိုက်ရတော့မှာပဲလေ..

ဘာဖြစ်လို့လဲဆိုတော့ အဘတို့ ၂ယောက်က မျက်မမြင်၂ယောက်ပါ။
ဘိုးမေတ္တာကသာ ငါတို့ဘဝရဲ့ အလင်းရောင်..ငါတို့ရဲ့ အရှင်သခင်ဖြစ်ပြီး သူလမ်းညွှန်တဲ့နောက်ကို
ငါတို့ကအမြဲလိုက်နေ ရတာပါ" လို့ ဘိုးချမ်းသာနဲ့ဘိုးအောင်မြင်ဆိုတဲ့အဖိုးအိုနှစ်ဦးက ရှင်းပြလိုက်ပါတော့တယ်..

သင့်ဘဝမှာ " ချစ်ခြင်းမေတ္တာ " တရားတွေနဲ့သာပြည့်စုံနေမယ်ဆိုရင်
' ချမ်းသာခြင်း ' အောင်မြင်ခြင်း ' တွေကိုအလိုလိုပိုင်ဆိုင်နိုင်မယ်ဆိုတာကို ဒီပုံပြင်လေးက ဖော်ပြထားတာပါ..
ဘဝမှာ ချစ်ခြင်းမေတ္တာသာအဓိကဆိုတာကိုသဘောပေါက်စေလိုသောရည်ရွယ်ချက်ဖြစ်ပါတယ်။

စာဖတ်သူအားလုံးကို ချစ်ခြင်းများစွာဖြင့် မြန်မာအဲရင်းအဖွဲ့
Share:

0 comments:

Post a Comment

မနောရမ္မမှကျောင်းသားဖြစ်ပါက Comment ရေးခဲ့ပါ။

Copyright © Myanmar Erin Group | Powered by Blogger
Created by Set Paing | Blogger Theme by NewBloggerThemes.com