Thursday, July 30, 2015

ဘုန်းကြီးကျောင်းခန်းဂျိ


ဒီခန်းဂျိကတော့ ဘုရားကျောင်း(သို့မဟုတ်)ဘုန်းကြီးကျောင်းဆိုတဲ့အဓိပ္ပါယ်ပါ။
ယုခိယတို့လို မနောရမ္မမှာဂျပန်စာသင်လာတဲ့သူတွေအတွက် ဒီခန်းဂျိကအရေးကြီးပါတယ်။

ဒီခန်းဂျိလေးကိုရှင်းပြပါမယ်။
ဘုန်းကြီးကျောင်းဆိုတာမြေကြီးပေါ်မှာတည်ဆောက်ထားတာကြောင့်မြေကြီးခန်းဂျိလည်းပါပါတယ်။
ဘုန်းကြီးကျောင်းမှာ သိမ်သမုတ်ထားတယ်ဆိုရင် သံဃာပိုင်မြေဖြစ်သွားပါပြီ။
မြေပေါ်မှာတင်သံဃာပိုင်မဟုတ်ဘဲ မြေအောက်ထုအဆုံးအထိ အတိုင်းအတာကိုပိုင်ဆိုင်တာပါ။
ဒါကြောင့် ဒီခန်းဂျိမှာ အပေါ်ပိုင်းက မြေကြီးခန်းဂျိ ၊ အောက်ဘက်က အတိုင်းအတာခန်းဂျိလေးကိုမြင်ရပါမယ်။

ဒီခန်းဂျိလေးကို တစ်လုံးတည်းဖတ်မယ်ဆိုရင် Tera (てら)သို့မဟုတ် Dera (でら)လို့ဖတ်ရပါမယ်။
ဘုန်းတော်ကြီးကျောင်းနာမည်ကိုပြောတဲ့အခါမှာတော့ Ji (じ) လို့ထွက်ပေးပါ။
ဥပမာ.....ဂျပန်နိုင်ငံက နာမည်ကြီး ရွှေကျောင်းဆိုရင် ဂျပန်လို Kinkaku Ji (きんかくじ)လို့ခေါ်ပါတယ်။

ဒီလောက်ဆိုသဘောပေါက်မယ်ထင်ပါတယ်။
အဲ......ဘုန်းကြီးကျောင်းမှာစာသင်သူကိုတော့ Tera Ko (てらこ)လို့ခေါ်ပါတယ်။

ယုခိယစံ
မြန်မာအဲရင်းအဖွဲ့ 

 
Share:

0 comments:

Post a Comment

မနောရမ္မမှကျောင်းသားဖြစ်ပါက Comment ရေးခဲ့ပါ။

Copyright © Myanmar Erin Group | Powered by Blogger
Created by Set Paing | Blogger Theme by NewBloggerThemes.com