Thursday, July 30, 2015

အချိန်ခန်းဂျိ


ဘုန်းကြီးကျောင်းခန်းဂျိကိုသိရင် ဒီခန်းဂျိကိုသဘောပေါက်လွယ်ပါတယ်။
ရှေးရှေးတုန်းကပေါ့....အချိန်နာရီကို သိချင်ရင် အုန်းမောင်းကိုနားထောင်ရပါတယ်။
ဘုန်းကြီးကျောင်းကအုန်းမောင်းခေါက်ရင်း ဒါဘယ်အချိန်.....စသဖြင့်ပေါ့။

ဘုန်းကြီးကျောင်းသည် နေဝင်နေထွက်ကိုသိစေနိုင်တယ်ဆိုပြီးသတ်မှတ်ကြပါတယ်။
ဒီခန်းဂျိကိုကြည့်ပါ။ ဘယ်ဘက်က နေလုံးလေးပါ။ ညာဘက်က ဘုန်းကြီးကျောင်းပါ။
ဘုန်းကြီးကျောင်းသည် နေလုံးဘယ်နေရာမှာရှိတယ်ဆိုတာကိုဖော်ပြသည်ဆိုသလိုပေါ့။

လွယ်တယ်မဟုတ်လား။
အသံထွက်ကတော့ Toki (とき) လို့ထွက်ပါ။
အခြားစာလုံးနဲ့တွဲရင်တော့ Ji (じ) လို့ဖတ်ရပါတယ်။
ဥပမာ... ၈နာရီ ဆိုရင် Hachi Ji (はちじ)ပေါ့။

ယုခိယစံ
မြန်မာအဲရင်းအဖွဲ့ 

 
Share:

0 comments:

Post a Comment

မနောရမ္မမှကျောင်းသားဖြစ်ပါက Comment ရေးခဲ့ပါ။

Copyright © Myanmar Erin Group | Powered by Blogger
Created by Set Paing | Blogger Theme by NewBloggerThemes.com