Tuesday, July 28, 2015

သင်တကယ်ချစ်မိနေပြီ


(၁) မနက်မိုးလင်းလို့မျက်စိနှစ်လုံးဖွင့်လိုက်တာနဲ့သူ့မျက်နှာလေးကိုအရင်ဦးဆုံး မြင်ယောင်တတ်တယ်၊၊

(၂) ဖုန်း ringtone သံကြားတိုင်း၊ မက်ဆေ့ တစ်ခုဝင်တိုင်း သူများလားဆိုတဲ့ မျှော်လင့်ချက်လေးနဲ့
ဖုန်းကို ကမန်းကတမ်း ဖွင့်ကြည့်တတ်တယ် ၊၊(သူမဟုတ်ဘူးဆိုတာသိလိုက်ရရင် စိတ်ထဲမှာအလိုလို ဝမ်းနဲသွားတယ်။)

(၃) သူနဲ့စိတ်ဆိုးစိတ်ကောက်တဲ့ အချိန်တွေမှာ ထမင်းစားလို့မျိုချရင်တောင် ရင်ထဲမှာဆို့နေတတ်တယ် ၊၊

(၄) ဘယ်လောက်ပဲ စိတ်ညစ်စရာတွေနဲ့ကြံကြုံ ဘယ်လို အခက်အခဲတွေပဲရှိရှိ သူ့ရဲ့ အားပေးနှစ်သိမ့်တဲ့စကားကို
ကြားလိုက်ရရင် အနည်းနဲ့အများတော့ စိတ်သက်သာရာ ရသွားတတ်တယ် ၊၊

(၅) တိုက်ဆိုင်မှုတစ်ခုခုရှိတိုင်း (သူနဲ့အတူတူသွားခဲ့ဖူးတဲ့နေရာရောက်တိုင်း၊ သူကြိုက်တတ်တဲ့ အစားအစာတစ်ခုခု
စားတိုင်း ) သူ့ကို အရင်ကထက်ပိုပြီး သတိရသွားတတ်တယ် ၊၊

(၆) သူ့ဆီက ဖုန်း ၊ မက်ဆေ့ တစ်ခုခု လာမလားဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ဖုန်းကိုမကြာခဏ ဖွင့်ကြည့်တတ်တယ်၊၊

(၇) သူ့ကို ဖုန်းဆက်လို့ သူ့ဘက်က ဖုန်းချလိုက်တဲ့အခါမျိုး၊ မအားသေးတဲ့အခါမျိုး ၊ စက်ပိတ်ထားတဲ့အခါမျိုးမှာဆိုရင်
ရင်ကို မီးစနဲ့ ထိုးလိုက်သလို ထိုင်မရ ထမရ ဖြစ်နေတတ်တယ် ၊၊

(၈) သူနဲ့မတွေ့ရလို့ သူ့ကိုလွမ်းတဲ့အခါတိုင်း သူနဲ့ပို့ခဲ့တဲ့ မက်ဆေ့အဟောင်းတွေကို ပြန်ဖတ်ပြီး
အရူးတစ်ယောက်လို ရယ်ခဲ့ ပြုံးခဲ့ဖူးတယ် ၊၊

(၉) သူ့မျက်နှာ ညှိုးနေတာကို မမြင်ချင်ဘူး ၊ သူအချိန်တိုင်း ပျော်ရွှင်နေတာကိုပဲ မြင်ချင်တယ် ၊၊

(၁ဝ) သူ့ဘက်ကအမှားတစ်ခု လုပ်မိလို့ ကိုယ့်ဘက်က စိတ်ဆိုးသွားတဲ့အခါမျိုးမှာ သူကတောင်းပန်လိုက်ရင်
ကိုယ့်စိတ်က အလိုလိုညွတ်သွားတယ် ၊ ကြာကြာစိတ်မဆိုးနိုင်ဘူး ။

(၁၁) သူက တစ်ခြားသူတွေအပေါ်မှာ လိုတာထက်ပိုပြီး ရင်းရင်းနှီးနှီးနဲ့ဆက်ဆံတာမြင်ရင် သူ့ကိုသဝန်တိုလာတယ် ၊၊

(၁၂) ညဘက်ရောက်လို့ သူ့ဆီက Good Night ဆိုတဲ့ မက်ဆေ့လေးမှမပို့ဘူးဆိုရင် အိပ်မပျော်တဲ့အထိဖြစ်လာတယ် ၊၊

(၁၃) အခု ဒီစာကို ဖတ်နေတဲ့ အချိန်မှာ သင်သူ့အကြောင်းကို တွေးနေတယ်၊၊

* အဲဒါဆိုရင်တော့ သေချာပြီ ၊ သင့် သူ့ကို မြတ်မြတ်နိုးနိုးနဲ့ တကယ်ချစ်မိသွားပြီ *

အချစ်ကိုတန်ဖိုးထားတတ်သော...

မြန်မာအဲရင်းအဖွဲ့(၂ဝ၁၅ ဇူလိုင်)

Share:

0 comments:

Post a Comment

မနောရမ္မမှကျောင်းသားဖြစ်ပါက Comment ရေးခဲ့ပါ။

Copyright © Myanmar Erin Group | Powered by Blogger
Created by Set Paing | Blogger Theme by NewBloggerThemes.com