Tuesday, July 28, 2015

ရဲဘော်ကိုထွေး (၁၉၂၉-၁၉၄၇)

ရဲဘော်ကိုထွေးမှာ မန္တလေးမြို့ဗောဓိကုန်းတောင်ပြင်သိပ္ပံရပ် ပင်စင်စား လယ်ယာစိုက်ပျိုးရေး ဝန်ထောက်
ဆွဖ်ဒရ်အလီ ခေါ်ဦးကိုကိုလေးနှင့် အမိ ဒေါ်မင်းရီတို့မှ ထွန်းကားခဲ့သည့် သားသမီးရတနာခြောက်ဦးအနက်
အထွေးဆုံးသားလေးဖြစ်သည်။

ရဲဘော်ထွေးကို ၁၉၂၉ – ခုနှစ်၊ ဒီဇင်ဘာလတွင် ဖွားမြင်ခဲ့သည်။
ရဲဘော်ထွေးသည် နဝမတန်းအထိ ပညာသင်ကြားခဲ့သည်။
အသက် ၁၈ နှစ်အရွယ်တွင်ပညာရေးဝန်ကြီး ဦးရာဇတ်၏ သက်တော်စောင့်အဖြစ်ခန့်အပ်ခြင်းခံရသည်။

၁၉၄၇ ခု၊ ဇူလိုင်လ ၁၉ ရက်၊ စနေနေ့၊ နံနက် ၁ဝ နာရီ ၄၅ မိနစ်တွင် အာဇာနည် ခေါင်းဆောင်ကြီးများကို
လုပ်ကြံသောမသမာသူတို့၏လက်ချက်ဖြင့် ကျဆုံးရသည်။
ရဲဘော်ကိုထွေးသည် ရှီအာမွတ်ဆလင်တစ်ဦးဖြစ်ပြီး အမည်အပြည်အစုံမှာ
ကိုထွေး (ခ) အလီအတ်ဆ်ဂရ် မဇင်ဒါရာနီဖြစ်လေသည်။

အာဇာနည်နေ့ကိုအမြဲမမေ့သော

မြန်မာအဲရင်းအဖွဲ့(၂ဝ၁၅ ဇူလိုင်)

Share:

0 comments:

Post a Comment

မနောရမ္မမှကျောင်းသားဖြစ်ပါက Comment ရေးခဲ့ပါ။

Copyright © Myanmar Erin Group | Powered by Blogger
Created by Set Paing | Blogger Theme by NewBloggerThemes.com