Monday, July 27, 2015

သခင်မြ (၁၈၉၇ - ၁၉၄၇)

၁၈၉၇ - အောက်တိုဘာ ၇၊ ကြာသပတေးနေ့တွင်
ပြည်ခရိုင်၊ ထုံးဘိုမြို့တွင် အဖသစ်ကုန်သည် ဦးဘိုးချွန်၊ အမိဒေါ်သက်လယ်တို့မှ မွေးဖွားသည်။
ငယ်နာမည်မှာ မောင်မြရွှေဖြစ်သည်။

၁၉၁၂ - သာယာဝတီ အေဘီအမ်ကျောင်းတွင် ၈ တန်းမှ ၁၀ တန်းထိ၊ ၇ တန်းကို စကောလားရှစ်ဖြင့် အောင်မြင်သည်။
၁၉၁၂ - ရန်ကုန်ဘက်ပတစ်ကျောင်း ၈ တန်းမှ ၁ဝ တန်း
၁၉၁၅ အထိ အပညာသင်ခဲ့သည်။
၁၉၁၆ - မြန်မာပြည်တွင် ပထမဆုံးကျောင်းသားများအသင့်ဖြစ်သည့် ကြည့်မြင်တိုင် စတူးဒင့်ယူနီယံကလပ်
(Students' Union Club) ကို စတင်တည်ထောင်ရာတွင် ပါဝင်ခဲ့သည်။

၁၉၁၈ - ရန်ကုန်ကောလိပ်နှင့် ကာလကတ္တား ယူနီဘာစီတီမှ အိုင်အက်စီ ဓာတုဗေဒ ဂုဏ်းထူးဖြင့်အောင်မြင်ခဲ့သည်။
၁၉၂ဝ - ဒီဇင်ဘာ၊ ရန်ကုန်ကောလိပ်သပိတ်မှောက်ကောင်စီ အဖွဲ့ဝင်ဖြစ်ခဲ့သည်။
၁၉၂၁ - ဧပြီ ၈၊ အမျိုးသားကျောင်းများဆိုင်ရာ စီမံအုပ်ချုပ်မှု ကော်မတီတွင် တွဲဖက်အကျိုးဆောင်အဖြစ် တာဝန်ယူခဲ့သည်။

၁၉၂၂ - ကြည့်မြင်တိုင် အမျိုးသားနေရှင်နယ်ကျောင်းတွင် အထက်တန်းပြဆရာအဖြစ် တာဝန်ယူခဲ့သည်။
၁၉၂၃ - အမျိုးသားကျောင်းများ အစိုးရအထောက်အပံ့ယူသည်ကို မကျေနပ်၍ အမျိုးသားပညာရေးကောင်စီမှထွက်ခဲ့သည်။
၁၉၂၄ - ဒီဇင်ဘာ ၁၁၊ ရန်ကုန်တက္ကသိုလ်မှ ဘီအက်စီဓာတုဗေဒဖြင့် အောင်မြင်ခဲ့သည်။

၁၉၂၅ - ရန်ကုန်မြို့ အစိုးရအထက်တန်းကျောင်းကြီးတွင် ပထမဆုံးသော သိပ္ပံဘာသာပြ ဆရာအဖြစ်တာဝန်ယူခဲ့သည်။
၁၉၂၆ - မတ်လတွင် ခေါ်ခင်ညွန့်နှင့် လက်ထပ်သည်။
၁၉၂၇ - အီဘယ်(လ်)ဝတ်လုံ စာမေးပွဲအောင်မြင်ခဲ့သည်။
၁၉၂၈ - သာယာဝတီသို့ ပြောင်းရွှေ့ပြီး ဝတ်လုံဘဝအဖြစ် စတင်အသက်မွေးသည်။

၁၉၃ဝ - ဆရာစံအရေးတော်ပုံမှပေါက်ဖွားသောအမှုများတွင်နောက်လိုက်ငယ်သားသူပုန်များအတွက်ရှေ့နေလိုက်ခဲ့။
၁၉၃၁ - သာယာဝတီကင်းထောက်အဖွဲ့တွင် စကောက် ကော်မရှင်နာဖြစ်ခဲ့သည်။
၁၉၃၆ - ဇွန် ၂၇၊ မြင်းခြံမြို့တွင် ကျင်းပသော ဒုတိယအကြိမ်မြောက် တို့ဗမာအစည်းအရုံးကြီး၏
နိုင်ငံလုံးဆိုင်ရာ ညီလာခံသို့ တက်ရောက်ပြီး ' သခင်မြ ' ဖြစ်လာခဲ့သည်။
ဇူလိုင် တို့ဗမာအစည်းအရုံး၏ ကိုယ့်မင်းကိုယ့်ချင်းအလုပ်အမှုဆောင်အဖွဲ့တွင် ဒုတိယဥက္ကဋ္ဌအဖြစ်တာဝန်ယူခဲ့သည်။

၁၉၃၇ - သာယာဝတီတောင်ပိုင်း မဲဆန္ဒနယ် ရွေးကောက်ပွဲတွင် ဥပဒေပြုလွှတ်တော် သခင်အမတ်လောင်းအဖြစ်
အရွေးခံရသည်။ ပထမလွှတ်တော် အစည်းအဝေးမှာ ဘုရင်ခံ မိန့်ခွန်းကို မကျေနပ်သဖြင့်ထိုင်ကာ ဆန္ဒပြသည့်အပြင်
လွှတ်တော်တွင် ဗမာစကားပြော၍ အဆိုသွင်းသည်ကို ဗမာစကားပြောရရေးကို တိုက်ခဲ့သည်။
လွှတ်တော်အမတ်အဖြစ် လစာကိုလည်း မယူခဲ့။

၁၉၃၈ -
မတ် ၂၂- ပြည်မြို့တွင်ကျင်းပသော တတိယအကြိမ်မြောက်တို့ဗမာအစည်းအရုံးညီလာခံတွင် အမှုဆောင်ဖြစ်ခဲ့သည်။

ဧပြီ ၈- ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာ ရေနံမြေအစည်းအရုံး၊ ညီလာခံကြီးတွင် ' အလုပ်သမားတိုက်ပွဲနှင့် ဇွဲ'
အကြောင်း ဟောပြောခဲ့သည်။
နိုဝင်ဘာလ ၂ဝ-သခင်ကိုယ်တော်မှိုင်း၏ တို့ဗမာအစည်းအရုံး အမှုဆောင်အဖွဲ့တွင် စာရင်းစစ် တာဝန်ယူခဲ့သည်။
ဒီဇင်ဘာ ၂ဝ- ကျောင်းသားအရေးတော်ပုံတွင် အင်္ဂလိပ်အစိုးရကို မကျေနပ် အမတ်အဖြစ်မှ နုတ်ထွက်ခဲ့သည်။

၁၉၃၉ -
ဇန်နဝါရီ ၉- ဗမာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမား အစည်းအရုံး ဥက္ကဋ္ဌဖြစ်လာခဲ့သည်။

ဖေဖော်ဝါရီ ၁၆- ကြားရွေးကောက်ပွဲတွင် သာယာဝတီတောင်ပိုင်းအမတ်အဖြစ် ပြန်လည်အရွေးခံရသည်။
ဧပြီ ၇- မော်လမြိုင်မြို့တွင် ကျင်းပသော ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ တို့ဗမာအစည်းအရုံး
စတုတ္ထအကြိမ် ညီလာခံတွင် အမှုဆောင်တစ်ယောက်ဖြစ်ခဲ့သည်။
စက်တင်ဘာ ၂၇- ရေနံမြေသပိတ်စုံစမ်းရေးကော်မတီတွင် အဖွဲ့ဝင်တစ်ယောက်ဖြစ်ခဲ့သည်။
အောက်တိုဘာ ၁- ဗမာ့ထွက်ရပ်ဂိုဏ်းတွင် တို့ဗမာအစည်းရုံးအမှုဆောင်တစ်ယောက်ဖြစ်ခဲ့သည်။

၁၉၄ဝ - သြဂုတ် ၈- သခင်အောင်ဆန်းနှင့် သခင်လှမြိုင်တို့ လွတ်လပ်ရေးအတွက် ပြည်အကူအညီရှာဖွေခရီး
ထွက်နိုင်ရန် ဆွေးနွေးကူညီခဲ့ရာတွင် ပါဝင်ခဲ့သည်။

၁၉၄၁ - မတ် ၁၄- ပဲခူးမြို့ ရွှေမော်ဓောစေတီခြေရင်း၌ ကျင်းပသော စတုတ္ထအကြိမ် ဗမာနိုင်ငံလုံးဆိုင်ရာ
တောင်သူလယ်သမားအစည်းအရုံးတွင် သဘာပတိအဖြစ်ဆောင်ရွက်သည်။ ကျောက်တော်မြို့၌ ပြုလုပ်သော
ရခိုင်အမျိုးသားညီလာခံသဘင်၌ တို့ဗမာအစည်းအရုံး ကိုယ်စားလှယ်အဖြစ်တက်ရောက်ခဲ့သည်။

၁၉၄၂ - ဖေဖော်ဝါရီ ၁၆- သံဖြူဇရပ်တွင် ဗိုလ်တေဇ၊ သခင်ထွန်းအုပ်၊ ဗိုလ်လက်ျာ၊ ကိုလှမောင်တို့နှင့်
တွေ့ဆုံဆွေးနွေးခဲ့သည်။

ဇွန် ၄- 'ဗမာပြည် ယာယီဗဟိုအစိုးရ' အဖွဲ့တွင် ဒုတိယ ဝန်ကြီးချုပ်တာဝန်ယူခဲ့သည်။

၁၉၄၃ -
မတ်လ- ဂျပန်အစိုးရ၏ ဖိတ်ကြားချက်အရ မြန်မာကိုယ်စားလှယ်အဖွဲ့ ဂျပန်ပြည်သို့ ထွက်ခွာရာတွင်ပါဝင်ခဲ့သည်။

မေ ၈- ဂျပန်အာဏာပိုင်တို့၏ ' ဗမာ့လွတ်လပ်ရေး စီစဉ်မှု' အဖွဲ့တွင် အဖွဲ့ဝင်တစ်ယောက်ဖြစ်သည်။
သြဂုတ် ၁- ဂျပန်ပေးသော လွတ်လပ်သည့် ဗမာပြည်အစိုးရအဖွဲ့သစ်တွင် ဒုတိယ ဝန်ကြီးချုပ်ဖြစ်ခဲ့သည်။

၁၉၄၄ - သြဂုတ်- ဂျပန်ကို ပြန်လည်တော်လှန်အတွက် နိုင်ငံရေးပါတီများနှင့် ဗမာ့တပ်မတော်တို့ ပူးပေါင်း၍
ဖက်ဆစ်တိုက်ဖျက်ရေးပြည်သူ့အဖွဲ့ချုပ် (ဖတပ)ဖွဲ့စည်းရာတွင်ပြည်သူ့အရေးတော်ပုံပါတီမှဦးဆောင်ပါဝင်ခဲ့သည်။


၁၉၄၅ - မတ် ၂၇- ဂျပန်တော်လှန်ရေးအတွက် တော်လှန်ရေးအဖွဲ့၏ ဆုံးဖြတ်ချက်အရ ဂျပန်ကိုအယုံသွင်းရန်။
အကျဉ်းချထားခြင်းခံရသော ဂျပန်လက်မှ လွတ်မြောက်ရေး ဆောင်ရွက်ရန် တာဝန်များ ပေးအပ်ခြင်းခံရသည်။
စက်တင်ဘာ ၁- ပြည်သူ့အရေးတော်ပုံပါတီကို 'မြန်မာပြည်ဆိုရှယ်လစ်ပါတီ'ဟု ပြောင်းလွှဲဖွဲ့စည်းခဲ့ရာတွင်
ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။

၁၉၄၆ -
မတ် ၄- ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ ရခိုင်ပြည်နယ် အခြေအနေကို စုံစမ်းလေ့လာရန် ခရီးထွက်ခဲ့သည်။

ဇွန် ၆- ဖဆပလ အဖွဲ့ချုပ်မှ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးဘဘေ၊ ပျော်ဘွယ်ဦးမြ၊ မန်းဘခိုင်တို့နှင့်အတူ
ဘုရင်ခံ ဆာဒေါ်မန်စမစ်နှင့် မြန်မာပြည်အခြေအနေကို တွေ့ဆုံးဆွေးနွေးခဲ့သည်။
ဇူလိုင်လ- သခင်ချစ်မောင် ' လယ်သမားကို ဘာထင်သလဲ ' စာအုပ်မှာ နိဒါန်းရေးသည်။
စက်တင်ဘာ ၂၁- ကန်တော်မင်းပန်းခြံမှာ ကျင်းပသော အလုပ်သမားထုကြီး၏ စက္ကူဖြူစီမံကိန်း
ကန့်ကွက်ပွဲကြီးတွင် သဘာပတိအဖြစ်ဆောင်ရွက်သည်။
စက်တင်ဘာ ၂၆- ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်သော အစိုးရအဖွဲ့သစ် (အမျိုးသားယာယီအစိုးရ) တွင်
ပြည်ထဲရေးနှင့် တရားရေးဝန်ကြီးအဖြစ် တာဝန်ယူသည်။

၁၉၄၇ -
ဇန်နဝါရီ- ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်သော လန်ဒန်သွားမည့် မြန်မာ့ကိုယ်စားလှယ်အဖွဲ့တွင်ပါဝင်ခဲ့သည်။

ဖေဖော်ဝါရီ ၂၃- ကြားဖြတ်ယာယီအစိုးရအဖွဲ့ကို ပြန်လည် ပြင်ဆင်ဖွဲ့စည်းရာတွင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး။
ဇွန်- ပထမအကြိမ် တိုင်းပြပြည်ပြုလွှတ်တော် အစည်းအဝေးတွင် ယာယီသဘာပတိ။
မြန်မာနိုင်ငံတော် အခြေခံဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေရေးဆွဲရေး ကော်မတီဝင်ဖြစ်ခဲ့သည်။

ဇူလိုင် ၁၉- ဗိုလ်ချုပ်အောင်ဆန်း၊ အခြားခေါင်းဆောင်ကြီးများနှင့်အတူ ဂဠုန်ဦးစောနှင့် မသမာသူတို့၏ လက်ချက်ဖြင့်
နံနက် ၁ဝ နာရီ ၃၇ မီနစ်တွင် အသက်ဆုံးရှုံးခဲ့ရသည်။ 


အာဇာနည်တို့အားအစဉ်ဦးညွတ်လျှက်

မြန်မာအဲရင်းအဖွဲ့(၂ဝ၁၅ ဇူလိုင်လ)

Share:

0 comments:

Post a Comment

မနောရမ္မမှကျောင်းသားဖြစ်ပါက Comment ရေးခဲ့ပါ။

Copyright © Myanmar Erin Group | Powered by Blogger
Created by Set Paing | Blogger Theme by NewBloggerThemes.com