Wednesday, August 12, 2015

ဂဏန်းလိုလူမျိုးမဖြစ်ကြစေဖို့


ဂဏန်း ဆိုတဲ့အမျိုးဟာ သူတို့ကိုယ်တိုင်သာ အပေါ်မရောက်ဘဲ ရှိမယ် - " ဆွဲချ " နေရာမှာ အင်မတန် သန်ကြတယ်။"

ပင်လယ်ကမ်းစပ်မှာ လူတစ်ယောက် ဂဏန်းတွေ လိုက်ကောက်နေတယ်။ ကောက်သမျှ ဂဏန်းကောင်တွေကို
ပလိုင်းတစ်ခုထဲ ထည့်ထည့် ယူတယ်။ ဒါပေမယ့် အဲ့ဒီပလိုင်းမှာ အဖုံးအပိတ် မပါဘူး။ ဖွင့်ရက်သားကြီးပဲ။

ဒါကို လမ်းသွားရင်း လူငယ်တစ်ယောက် က တွေ့တော့ မေးတယ်။
"အကိုကြီး၊ ခင်ဗျား ဟာ က - ပလိုင်းပေါက်နဲ့ ဖားကောက်တယ် ဆိုတဲ့ စကားပုံလို၊
အဖုံးမပါ ဟာလာဟင်းလင်း ပလိုင်းကြီးနဲ့ ဂဏန်းတွေ လိုက်ကောက်နေရသလား၊ ထွက်မကျ ကုန်ဘူးလား"

ဂဏန်းကောက်သူ က ပြန်ဖြေတယ်။ "ညီ။ မင်း ဂဏန်းတွေ အကြောင်း မသိပဲကိုးကွ။
ဂဏန်းတွေ ဆိုတာ အပေါ်ထွက်ပေါက် တစ်ခုရလို့၊ တစ်ကောင်က လုယက်တက်ရင် နောက်တစ်ကောင်ကလည်း
လိုက်ပြီး အလုအယက် တက်တယ်။ လုတက်တယ် ဆိုကတည်းက အောက်တစ်ကောင်က အပေါ်တစ်ကောင်ကို
သူ့လက်တွေနဲ့ ချိတ်ယူပစ်တာ၊ ဆွဲချပစ်တာရယ်။ အဲ့လိုနဲ့ တစ်ကောင်နဲ့ တစ်ကောင် တက်ရင်း၊ ချိတ်ရင်း
ကြိုးပမ်းရင်းက တစ်ကောင် ကို တစ်ကောင် က ဆွဲချ နေကြပါရော။ စိတ်ချသာနေ ငါ့ညီ။
ဘယ်ကောင်မှ ပလိုင်းထဲက ထွက်မလာနိုင်ကြဘူးပဲ။ ဒီ ပလိုင်းဖုံးကို အေးဆေးသာ ဖွင့်ထား။
ဂဏန်း ဆိုတဲ့ အမျိုးဟာ သူတို့ ကိုယ်တိုင်သာ အပေါ်မရောက်ဘဲ ရှိမယ် - "ဆွဲချ" နေရာမှာ အင်မတန်သန်ကြတယ်။"

ကျွန်တော်တို့မြန်မာလူမျိုးတွေ ဂဏန်းများလို မဖြစ်စေကြဖို့ တောင်းဆုပြုရင်း.....
မြန်မာအဲရင်းအဖွဲ့(၂ဝ၁၅ သြဂုတ်လ)


Share:

0 comments:

Post a Comment

မနောရမ္မမှကျောင်းသားဖြစ်ပါက Comment ရေးခဲ့ပါ။

Copyright © Myanmar Erin Group | Powered by Blogger
Created by Set Paing | Blogger Theme by NewBloggerThemes.com