Wednesday, August 12, 2015

မြည်းတစ်ကောင် နှင့် ရေတွင်းပျက်တစ်တွင်း


တစ်နေ့မှာ လယ်သမားတစ်ဦးပိုင်တဲ့ မြည်းတစ်ကောင် ရေတွင်းပျက်ထဲ ပြုတ်ကျသွားတယ်..
လယ်သမားဟာ ဘာလုပ်ရမှန်းမသိ အတန်ကြာ စဉ်းစားနေပြီးတော့မှ နောက်ဆုံးသူ ဒီအတိုင်း ရေတွင်းပျက်ထဲမှာ
မြည်းကို ထားလိုက်ဖို့ ဆုံးဖြတ်လိုက်တယ်..

ပြန်ထုတ်ဖို့သုံးရမယ့် လူအင်အားက မြည်းတစ်ကောင်အတွက် မတန်သလို ဒီရေတွင်းပျက်ကလဲ ပြန်ဖို့ရတော့မယ်
မဟုတ်လား.. ဒီတော့ ရွာထဲက လူတွေခေါ်ပြီး ရေတွင်းပျက် ကို ဝိုင်းမြေဖို့ပေးဖို့ အကူအညီ တောင်းလိုက်တယ်..
သူ့ အကြံအစည်က တစ်ခါတည်း မြည်းလဲမြေပိပြီး သေ... ရေတွင်းပျက်ကိုလဲ ဖို့အပြီးပေါ့...

မြည်းဟာ ရေတွင်းပျက်ထဲကို အဆက်မပြတ်ကျလာတဲ့ မြေကြီးတွေကို မြင်တော့ သူသေရတော့မယ်ဆိုပြီး
အပြင်းအထန် ငိုကြွေးတယ်... အတန်ကြာတော့မှ မြည်းအငို ရပ်သွားတာကို သတိထားမိတဲ့ လယ်သမားက
ရေတွင်းပျက် ထဲ ငုံ့ကြည့်လိုက်တာ အံ့အားသင့် သွားခဲ့တယ်...

မြည်းဟာ သူ့ ကျောပေါ်ကို လာတင်တဲ့ မြေကြီးတွေကို ခါချလိုက် ဒီမြေကို နင်းလာလိုက် နဲ့ တစ်စထက် တစ်စ
အပေါ်ကို ရောက်လာတာကို တွေ့လိုက်ရလို့ပါပဲ... နောက်ဆုံးတော့ မြည်းဟာ
ရေတွင်းဝကို ချောမွေ့စွာရောက်လာပြီးတော့ တောထဲကို ပြေးဝင်သွားပါသတဲ့..
--------------------------------------------------------------------------------------------

သင်ခန်းစာ ၄ခု ဒီ ပုံပြင်လေးမှာ ပါပါတယ်။

၁-ဘဝဟာ တစ်ခါတစ်ရံ သင့်ကို မြည်းလိုပဲ ချောင်ပိတ်ပြီးတော့ မြေဖို့တတ်ပါတယ်...
၂- ဒီအခါတော့ လမ်းဆုံးပြီဆိုပြီးတော့ မြည်းလို မငိုကြွေးမိစေဖို့ အရေးကြီးပါတယ်...
၃- အခက်အခဲတွေဆိုတာ မရုန်းတဲ့သူအတွက်တော့ လယ်သမားအတွေးထဲကအတိုင်း မြေပိပြီး သေနိုင်ပေမယ့်...
၎- ရုန်းတဲ့သူအတွက်တော့ ကျောပေါ်က ခါချလိုက်တဲ့ မြေကြီးလို နောက်တစ်ဆင့် တက်လှမ်းတဲ့ လှေခါးအဖြစ်
အသုံးချလို့ ရနိုင်ပါတယ်...

ဘယ်တော့မှ ဘဝကို အရှုံးမပေးမိပါစေနဲ့။ အရှုံးထဲမှာတောင်သင်ခန်းစာတွေအောင်မြင်မှုတွေပြည့်နှက်နေတတ်ပါတယ်။
မြန်မာအဲရင်းအဖွဲ့ (၂ဝ၁၅ သြဂုတ်လ)


Share:

0 comments:

Post a Comment

မနောရမ္မမှကျောင်းသားဖြစ်ပါက Comment ရေးခဲ့ပါ။

Copyright © Myanmar Erin Group | Powered by Blogger
Created by Set Paing | Blogger Theme by NewBloggerThemes.com