Thursday, May 28, 2015

မိဘမေတ္တာဆိုသည်မှာ

လင်မယားစုံတွဲတစ်တွဲပါလာတဲ့ သင်္ဘောတစ်စင်းနစ်မြုပ်သွားတယ်။
အချိန်တော်တော်ကြာမှ အသက်ကယ်လှေတစ်စင်း ရောက်လာတယ်…
အသက်ကယ်လှေပေါ်မှာ နေရာဆိုလို့ တစ်နေရာဘဲကျန်တော့တယ်… 
ဲဒီအချိန်မှာ ယောက်ျားဖြစ်သူက သူ့မိန်းမကို သူ့အနောက်ဆွဲချလိုက်ပြီး 
သူကိုယ်တိုင် အသက်ကယ်လှေပေါ်ခုံတက်လိုက်တယ်… 
အဲဒီ အမျိုးသမီးကတော့ တဖြည်းဖြည်းချင်းနစ်မြှုပ်နေတဲ့ သင်္ဘောပေါ်မှာရပ်ပြီး 
သူ့ယောက်ျားကို စကားတစ်ခွန်း အော်ပြောလိုက်တယ်…

ဒီနေရာအထိပြောပြီးတော့ ဆရာမက ကျောင်းသားတွေကို မေးလိုက်တယ်…
 “မင်းတို့ ခန့်မှန်းကြည့်… အမျိုးသမီးက ဘာအော်ပြောလိုက်သလဲ?”
ကျောင်းသားတွေကတော့ အလုအယက် ဒေါနဲ့မောနဲ့ အော်ပြောကြတယ်… 
“ငါနင့်ကိုမုန်းတယ်… ငါကို ထားပစ်ရစ်ခဲ့တယ်… ”

အဲဒီအချိန်မှာဆရာမက ကျောင်းသူလေးတစ်ယောက်ကို ဘာမှမပြောတာကိုသတိထားမိတော့
 ဆရာမကသူ့ကို မေးလိုက် တယ်… အဲဒီကျောင်းသူလေးက ပြန်ဖြေလိုက်တယ်…

 “ဆရာမ… သမီးထင်တယ်… အဲဒီ အမျိုးသမီး အော်ပြောလိုက်မှာက …
  ငါတို့ကလေးကို ကောင်းကောင်းဂရုစိုက်ပေးပါလို့”…

ဆရာမက အံ့သြသွားတယ်… သူ့ကို ပြန်မေးလိုက်တယ်…
“အဲဒီ ပုံပြင်ကို နားထောင်ဖူးလို့လား?”
ကျောင်းသူလေးက ခေါင်းကိုခါပြီးပြောလိုက်တယ်… “ဟင့်အင်း…
သမီးမေမေ နေမကောင်းဖြစ်ပြီးဆုံးခါနီးမှာ ဒီစကားဟာသူ ဖေဖေ့ကို ပြောခဲ့တဲ့စကားပါ…”

ဆရာမက ပြန်ပြောလိုက်တယ် …. “အဖြေမှန်ပါတယ်ကွယ်…”

သင်္ဘောနစ်မြှုပ်သွားပါတယ်… ယောက်ျားကသူ့မြို့ကိုပြန်ရောက်ပြီး 
သမီးလေးကိုကြီးပြင်းလာတဲ့အထိ ကိုယ်တိုင်ပြုစုစောင့်ရှောက်ပေးခဲ့တယ်
နှစ်ပေါင်းများစွာကြာပြီးနောက် အဲဒီယောက်ျားဟာလဲရောဂါနဲ့ဆုံးပါးသွားတော့ 
သမီးဖြစ်သူက သူကျန်ရစ်ခဲ့တဲ့ ပစ္စည်းတွေကိုရှင်းတော့မှ သူ့ဖေဖေရဲ့ နေ့စဉ်မှတ်တမ်းစာအုပ်ကိုတွေ့တယ်…

အဲဒီအချိန်ရောက်မှသူသိလိုက်တယ်…
ဖေဖေနဲ့မေမေ သင်္ဘောအတူစီးတဲ့အချိန်မှာ မေမေ့ရောဂါဟာနောက်ဆုံးအဆင့်ကိုရောက်နေပါပြီ…
အရေးပေါ်အချိန်မှာ ဖေဖေဟာအသက်ရှင်ဖို့တစ်မျှင်တာရှိတဲ့နေရာကို အရောက်ပြေးခဲ့တယ်…
သူ့ရဲ့မှတ်တမ်းစာအုပ်မှာရေးထားတာက “ငါ မင်းနဲ့ ဒီပင်လယ်အောက်ကို
အတူတူသာနစ်မြှုပ်သွားလိုက်ချင်ပါတယ်… ဒါပေမဲ့ ဒါဟာမဖြစ်နိုင်ပါဘူး…

သမီးလေးအတွက်ကြောင့် ဒီပင်လယ်ရေနက်အောက်မှာ
နင်တစ်ယောက်တည်းကိုဘဲထားခဲ့လိုက် ရတာပါ…”
…………………………………………………………………………
ပုံပြင်ပြောလို့ပြီးသွားပါပြီ… အခန်းထဲမှာလဲ ငြိမ်သက်သွားပါတယ်…

ဆရာမကသိတယ်… သူ့ကျောင်းသားတွေ ဒီပုံပြင် ရဲ့အနှစ်သာရကို နားလည်လိမ့်မယ်လို့…
ဒီလောကမှာရှိတဲ့ ကောင်းခြင်းဆိုးခြင်းဆိုတာတွေ… တခါတလေမှာ ပွေလီ ရှုပ်ထွေး လှပါတယ်…
ပိုင်းခြားရမှာ ခက်ခဲလှပါတယ်… ဒါကြောင့် အရာရာတိုင်းကို အပေါ်ယံဘဲကြည့်ပြီး
အလွယ်တကူ ဝေဖန် ပိုင်းခြားလို့မရပါဘူး…

ပိုက်ဆံရှင်းချိန်မှာ ပိုက်ဆံအရင်ထုတ်ပြီးရှင်းတဲ့သူဟာ…
သူပိုက်ဆံအရမ်းချမ်းသာနေလို့မဟုတ်ဘူး… 
သူကဒီသူငယ်ချင်း သံယောဇဉ်ကို ငွေကြေးထက်ပိုပြီးအလေးထားလို့ပါ…

အလုပ်လုပ်ချိန်မှာ အသိစိတ်နဲ့ ပိုပြီးကြိုးစား လုပ်တဲ့သူဟာ
သူ အ နေလို့မဟုတ်ဘူး… သူကတာဝန်သိတတ်လို့ပါ…

ရန်ဖြစ်တဲ့အချိန်မှာ အရင်ဆုံးတောင်းပန်တဲ့သူဟာ သူမှားနေလို့မဟုတ်ဘူး…

ကိုယ့်ဘေးကလူကို သူတန်ဖိုးထားရမှန်း သိနေလို့ပါ…

မင်းကိုအမြဲကူညီနေတဲ့သူဟာ မင်းဆီကနေတစ်ခုခုပြန်ရဖို့တောင့်တနေတာမဟုတ်ဘူး။
မင်းကိုသူငယ်ချင်းအစစ် တစ်ယောက် အနေနဲ့တန်ဖိုးထားလို့ပါ…

မင်းကိုအမြဲ မက်ဆေ့ပို့ဆက်သွယ်နေတဲ့သူဟာ သူအားနေလို့မဟုတ်ပါဘူး… 
ဒါဟာ သူ့ စိတ်ထဲမှာ မင်း ရှိနေလို့ပါဘဲ…

ချစ်ခြင်းမေတ္တာကို အားလုံးတန်ဖိုးထားနားလည်နိုင်ကြပါစေ။

မြန်မာအဲရင်းအဖွဲ့ (၂ဝ၁၅ မေလ)
Share:

0 comments:

Post a Comment

မနောရမ္မမှကျောင်းသားဖြစ်ပါက Comment ရေးခဲ့ပါ။

Copyright © Myanmar Erin Group | Powered by Blogger
Created by Set Paing | Blogger Theme by NewBloggerThemes.com