ဂဠုန်ဆရာစံ ရေးခဲ့တဲ့ကဗျာ
မည်သူ မည်ဝါ ၊ ဤကမ္ဘာတွင်
ခန္ဓာခိုင်စွဲ၊ မမြဲမှတ်ရာ
လူ့ တံထွာတည်း။
မီးတစ်ဆယ့်တစ်၊ ငြိမ်းရာဖြစ်သော
စင်စစ်ဧကန်၊ ပြည်နိဗ္ဗာန်သို့
အမြန်ထုတ်ခြောက် ၊မရောက်ရသေး
လူတဝေးတို့ ၊သေဘေးတွေ့ ရ
ဖြစ်ကအမြန်၊ ပျက်မြဲ ပြန်တည်း။
ကြောက်သွေးဟူ၍ ၊နှမ်းတစ်စေ့မှ
မဝှေ့စိတ်ထဲ၊ ရိပ်မစဲသည့်
အမြဲမတည် ၊လူသည်ဟူကား
မရှည်အသက်၊ ကြာနေ ပျက်ကို
ပြက်ပြက်ထင်ထင်၊ ငါအမြင်တည်း။
ထက်အောက်မြန်မာ၊ လူတကာတို့ 
ဆရာခေါ်ဆို၊ ငါ့ဂုဏ်ကိုလျှင်
ကြူးပိုသည်ရုံး၊ ဘယ်သို့ ထုံးလည်း
အဆုံး ဆိုရေး၊ ကြိုးဒဏ်ဘေးနှင့်
ဝေးရမည်တည်း။
မြန်မာအဲရင်းအဖွဲ့
မည်သူ မည်ဝါ ၊ ဤကမ္ဘာတွင်
ခန္ဓာခိုင်စွဲ၊ မမြဲမှတ်ရာ
လူ့ တံထွာတည်း။
မီးတစ်ဆယ့်တစ်၊ ငြိမ်းရာဖြစ်သော
စင်စစ်ဧကန်၊ ပြည်နိဗ္ဗာန်သို့
အမြန်ထုတ်ခြောက် ၊မရောက်ရသေး
လူတဝေးတို့ ၊သေဘေးတွေ့ ရ
ဖြစ်ကအမြန်၊ ပျက်မြဲ ပြန်တည်း။
ကြောက်သွေးဟူ၍ ၊နှမ်းတစ်စေ့မှ
မဝှေ့စိတ်ထဲ၊ ရိပ်မစဲသည့်
အမြဲမတည် ၊လူသည်ဟူကား
မရှည်အသက်၊ ကြာနေ ပျက်ကို
ပြက်ပြက်ထင်ထင်၊ ငါအမြင်တည်း။
ထက်အောက်မြန်မာ၊ လူတကာတို့ 
ဆရာခေါ်ဆို၊ ငါ့ဂုဏ်ကိုလျှင်
ကြူးပိုသည်ရုံး၊ ဘယ်သို့ ထုံးလည်း
အဆုံး ဆိုရေး၊ ကြိုးဒဏ်ဘေးနှင့်
ဝေးရမည်တည်း။
မြန်မာအဲရင်းအဖွဲ့





0 comments:
Post a Comment
မနောရမ္မမှကျောင်းသားဖြစ်ပါက Comment ရေးခဲ့ပါ။