ဆုတောင်းလျှက်ပါ..အမေ
ကာလရေကြည်၊ သန္ဓေတည်ကတည်းက
တယုတယစောင့်ရှောက်၊ ပြုစုခဲ့တဲ့ အမေ ……
ကိုးလလွယ် ဆယ်လဖွားတော့၊ နို့ချိုတိုက်ကျွေး
ပိုးမွေးသလိုမွေး၊ အရိပ်တကြည့်ကြည့်နဲ့ နေခဲ့တဲ့ အမေ ……..
ပညာသင်အရွယ်ရောက်ပြန်တော့
ပညာတတ်ကြီးဖြစ်အောင်၊ ပညာအမွေပေးခဲ့တဲ့ အမေ ……..
ဘယ်အရွယ်ရောက်ရောက်
ကလေးတစ်ယောက်လို သဘောထားကာ
လမ်းမှန်ညွှန်ပြခဲ့တဲ့ အမေ …….
လောကလမ်းမှာ
ခလုတ်မထိ ဆူးမငြိအောင်
စောင့်ရှောက်လမ်းပြပေးတဲ့ အမေ ….
ဆပ်လို့ရယ်တဲ့ မကုန်နိုင်တဲ့
အမေ့ကျေးဇူး မြင့်မိုရ်ဦးကို
တုနှိုင်းမှီတဲ့အရာ၊ ဒီကမ္ဘာမှာ မရှိခဲ့ပါဘူး အမေ …….
ချမ်းအေးတဲ့ ပြာသိုဆောင်းမှာ
နွေးထွေးလှတဲ့၊ အမေ့ရဲ့ ရင်ခွင်ထဲ
တဖန်ပြန်ဝင် ခိုလှုံချင်တယ် အမေ ……..
ရှေ့ဆက်လျှောက်ရမယ့်
ဘဝခရီးလမ်းအတွက်
အားအင်တွေပေးတဲ့ အမေ …….
သမီးချစ်တဲ့ မေမေ ….
အသက်ရာကျော်ရှည်ပါစေကြောင်း
အမေ့အတွက် ရည်စူး
ဘုရားရှိခိုးတိုင်း ဆုတောင်းပါတယ် …..ချစ်ရတဲ့ မေမေ ။
sarpaypyoeooyin.blogspot.com မှတဆင့်ပြန်လည်မျှဝေပါသည်။
မြန်မာအဲရင်းအဖွဲ့

0 comments:
Post a Comment
မနောရမ္မမှကျောင်းသားဖြစ်ပါက Comment ရေးခဲ့ပါ။